35 C
Yangon

လားရှိုးမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ကား ၁ စီး မီးလောင် ပျက်စီး

Must read

လားရှိုးမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ကား ၁ စီး မီးလောင် ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ကား ၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လားရှိုးမြို့နယ် ခေနင်းရွာနှင့် နာယာမရွာရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လားရှိုးမြို့မှ သီပေါသို့ ထွက်ခွာလာသည့် စစ်သား အပြည့် တင်ဆောင်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၈ စီးပါ ယာဥ်တန်းနှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် TNLA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ မော်တော်ယာဥ် ၁ စီးလည်း TNLA တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ထိမှန်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article