အမေရိကန်၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်ခဲ့သော NUG အစိုးရဝန်ကြီး များနှင့်တွေ့ဆုံပွဲတွင် ရန်ပုံငွေ ဒေါ်လာ ၂၅၀၀၀ ရရှိပြီး တော်လှန်ရေး လိုအပ် နေသော နေရာများသို့ ပေးပို့မည်
ရန်ကုန်၊ ဇူလိုင် ၂၈
အမေရိကန်၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်ခဲ့သော NUG အစိုးရဝန်ကြီး များနှင့်တွေ့ဆုံပွဲတွင် ရန်ပုံငွေ ဒေါ်လာ ၂၅၀၀၀ ရရှိပြီး တော်လှန်ရေး လိုအပ် နေသော နေရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူများထံမှ သိရှိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် Texas communities မှ တိုင်းရင်းသား ညီအကို မောင်နှစ်မများက Town Hall Meeting with Ministers of National Unity Government ပွဲပြုလုပ်ခဲ့ပြီး တော်လှန်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ကြောင်း ၊ ရန်ပုံငွေများကိုလည်း NUG မှတဆင့် လိုအပ် သောနေရာများသို့ ပေးပို့သွားမည်ဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေတွင် အမေရိ ကန် ရောက် မြန်မာပါဝင်ကူညီလှူဒါန်းကြခြင်းဖြစ်ကြောင်း သိရှိရသည်။
Town Hall Meeting with Minsters of National Unity Government ပွဲသို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဝန်ကြီး ဦးထင်လင်းအောင်၊ ဒုဝန် ကြီး ဦးအောင်ကျော်မိုး အပါအဝင် တော်လှန်ရေးကို ထောက်ကူပေးနေ သော အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။