30 C
Yangon

UMFCCI တွေ့ ဆုံပွဲမှာ စီးပွားရေး ပြုပြင် ပြောင်းလဲဖို့ တောင်းဆိုမှုတွေ အပေါ် မင်းအောင်လှိုင် ရေရေရာရာ အဖြေ မပေးနိုင်ခဲ့လို့ လုပ်ငန်းရှင်တွေ စိတ်ပျက်

Must read

UMFCCI တွေ့ ဆုံပွဲမှာ စီးပွားရေး ပြုပြင် ပြောင်းလဲဖို့ တောင်းဆိုမှုတွေ အပေါ် မင်းအောင်လှိုင် ရေရေရာရာ အဖြေ မပေးနိုင်ခဲ့လို့ လုပ်ငန်းရှင်တွေ စိတ်ပျက်

■ မင်းအောင်လှိုင်ကြောင့် စီးပွားရေး ပြန်ကောင်းလာဖို့ လမ်းမမြင်တော့ဟုဆို

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ ၂ ရက်နေ့မှာ ရန် ကုန် မှာရှိတဲ့ UMFCCI ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင် များအသင်း ချုပ်မှ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီပွဲမှာ စီးပွားရေး သမားတွေ ဘက် က တောင်းဆိုတာတွေ တော်တော်များများကို မင်းအောင် လှိုင်ဘက်က ရေရေရာရာ အဖြေမပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စီးပွားရေး သမား တွေနဲ့ မကြာခဏဆိုသလို တွေ့ဆုံပေမယ့်လည်း စီးပွားရေးအတွက် တိကျ ရေရာတဲ့ မူဝါဒ၊ ဗျူဟာ ၊ ရည်မှန်းချက်တွေ ချမှတ်နိုင်ခြင်းမရှိဘဲ သူစိတ် ထင်ရာ စိတ်ကူးပေါက်ရာတွေကိုသာ လျှောက်ပြောနေတာနဲ့ အချိန်ကုန် ခဲ့တယ် လို့ သိရပါတယ်။

ရန်ကုန်ခေတ်သစ်က ကြည့်ရှုခွင့်ရရှိခဲ့တဲ့ မင်းအောင်လှိုင်နဲ့ ကုန်သည်တွေ တွေ့ ဆုံပွဲ မှတ်တမ်းမှာ မင်းအောင်လှိုင်က ကုန်သည်တွေရဲ့ တင်ပြချက်တွေကို ရေရေ ရာရာ ဘာမှ အဖြေမပေးနိုင်ခဲ့ပါဘူး။

နိုင်ငံခြားငွေလဲလှယ်နှုန်းထား လုပ်သာကိုင်သာရှိဖို့နဲ့ စက်မှုကုန်ထုတ်မူဝါဒ ချ မှတ်ဖို့ မင်းအောင်လှိုင် စိတ်မဝင်စား

==========================================

UMFCCI ဥက္ကဋ္ဌ အေးဝင်းက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကို ပုဂ္ဂလိက လုပ်ငန်း များ သာမက စီးပွားရေးအတက်အကျ အလားအလာကို လွှမ်းခြုံထားနိုင်လို့ ဦးစားပေးဆောင်ရွက်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်တဲ့ ပို့ကုန်မြှင့်တင်ရေး မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို မြေပြင် အခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးဖို့ ၊ Subsidiary မူ တစ်ခု အနေနဲ့ သွင်းကုန်တွေကို ရည်ရွယ်ငွေလဲနှုန်းဖြင့် တင်သွင်းပေးခဲသည့်အပေါ် စိစစ်သုံးသပ်ပြီး ပို့ကုန်တွေကို မက်လုံးပေးတဲ့ မူဝါဒနဲ့ ပိုမိုတင်ပို့နိုင်ရေး ဆောင် ရွက် ပေးဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် UMFCCI ဥက္ကဋ္ဌ အေးဝင်းက ကုန်ထုတ်လုပ်ငန်းတွေအတွက် အရေး ပါတဲ့ စက်မှုမူဝါဒ ရေးဆွဲပေးဖို့၊ အိမ်နီးချင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေရေး လုပ်သာကိုင်သာရှိတဲ့ Ease of doing Business ကို အကောင် အထည်ဖော်ပေးဖို့ တောင်းဆိုတဲ့အပြင် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ MSME တွေ လိုအပ်နေတဲ့ နည်းပညာ၊ စျေးကွက်၊ ငွေရေးကြေးရေး၊ ကျွမ်းကျင်ပညာရှင် လက်လှမ်းမီရေး ပံ့ပိုးဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

UMFCCI ဥက္ကဋ္ဌ အေးဝင်းရဲ့ တောင်းဆိုချက်တွေက စီးပွားရေးသမား တွေ အဓိ က ကြုံနေရတဲ့ အခက်အခဲကို တင်ပြတောင်းဆိုတာဖြစ်ပေမယ့်လည်း မင်း အောင် လှိုင်ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ရှင်းလင်း ဆွေးနွေးမယ် လို့သာပြောပြီး ဘာမှ မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

ဆန်ဖူလုံဖို့ နဲ့ ပြည်ပပို့ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းရမယ်

==============================

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်က ပြည်တွင်းစားသုံးဖို့ ဆန်စပါး ၁၂ မျိုးနဲ့ ပြည်ပပို့ဖို့ ဆန်စပါး ၅ မျိုးကို သက်တမ်းတို တဲ့မျိုးများ ဖြစ် စေရန် Bio Technology နည်းလမ်းအပြင် အခြားနည်းလမ်းတွေနဲ့ ဆောင် ရွက်ဖို့ ၊ မျိုးစေ့ထုတ်လုပ်မှု တိုးတက်လာရေး မျိုးစေ့ခြံတွေကို ပုဂ္ဂလိကနဲ့ စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြတောင်းဆိုပါတယ်။

မင်းအောင်လှိုင်ဘက်ကတော့ စစ်ကောင်စီနဲ့ပေါင်းလုပ်မယ်ဆိုရင် လုပ်ဆောင် မယ် လို့ ဆိုပါတယ်။

ပဲမျိုးစုံတင်ပို့ရေး အဖြေမပေး

================

အကြမ်းဖက်စစ်ကောင်စီက ပဲနှမ်းတွေ ပြည်ပတင်ပို့မယ့်အစား ပြည်တွင်း စားသုံး ဆီ ဖူလုံရေး ဆောင်ရွက်ဖို့ တွန်းအားပေးနေပါတယ်။ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ထွန်းလွင်က ပဲ၊ ပြောင်း၊ နှမ်း ပို့ကုန်တွေကနေ သင့်တော်တဲ့ တန်ဖိုး သတ်မှတ်ကောက်ခံပြီး သုတေသန ရန်ပုံငွေ ထူထောင်ဖို့ ၊ ပဲနှမ်းပြောင်း ပြည်ပတင်ပို့ရမှာ FOB စျေးနှုန်းနဲ့ ကိုက် ညီတဲ့ ငွေလဲနှုန်းနဲ့ တွက်ချက်ရောင်းချနိုင်တဲ့ ပြည်တွင်း ပေါက်စျေး ရရှိနိုင်ရေး ဆောင် ရွက်ပေးဖို့ ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီးစိမ်းနဲ့ ကုလားပဲ မဟုတ်တဲ့ ပဲတွေကို နယ်စပ်ဒေသတွေကနေ တင်ပို့ရောင်းချခွင့်ရရရေးနဲ့ ရရှိတဲ့နိုင်ငံ ခြားငွေ တွေကို ကာလပေါက်စျေးနဲ့ လွှဲပြောင်းရယူနိုင်ဖို့ တောင်းဆိုပါတယ်။

ဒါပေမယ့် ပဲမျိုးစုံ တင်ပို့မှု ကိစ္စတွေကိုတော့ မင်းအောင်လှိုင်က စိတ်မဝင်စား သလို အဖြေလည်း ပြန်မပေးပါဘူး။

မွေးမြူရေး လုပ်ငန်းတွေကို တိုးမြှင့်ဖို့ မင်းအောင်လှိုင် အားပေးနေ

====================================

မင်းအောင်လှိုင်ကတော့ မွေးမြူရေး လုပ်ငန်းတွေအတွက် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်နဲ့စပ်လျဉ်း၍ စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းကိုပါ ဆောင်ရွက်ဖို့၊ မွေးမြူရေးလုပ်ငန်းတွေကို မြို့ပြင်တွေမှာ ဆောင်ရွက် သင့် တယ်လို့ မင်းအောင်လှိုင်က ဖိအားပေးပါတယ်။

မွေးမြူရေးလုပ်ငန်းတွေမှာလည်း ပြည်ပတင်ပို့ဖို့ထက် ပြည်တွင်းမှာပဲ ဖူလုံ အောင် ထုတ်လုပ်ဖို့ မင်းအောင်လှိုင်က စိတ်ဝင်စားပါတယ်။

ပို့ကုန်တင်ပို့ရေး နိုင်ငံခြားငွေ အပြည့်အ၀ ပြန်ပေးဖို့ တောင်းဆိုမှု မင်းအောင် လှိုင် ပယ်ချ

========================================

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ အေးထွန်းက ပို့ကုန် မြှင့် တင်ရေး မက်လုံးအဖြစ် စက်မှုတန်ဖိုးမြှင့်ထုတ်ကုန်များ၊ ပြည်ပတင် ပို့ရောင်း ချရာမှ ရရှိလာသော နိုင်ငံခြားဝင်ငွေအားလုံးကို အပြည့်အ၀ ပြန်လည် သုံးစွဲ ခွင့်ပြုရေး တောင်းဆိုပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်ကတော့ ပို့ကုန်အားလုံးကရတဲ့ ဒေါ်လာငွေ ၁၀၀ ရာ ခိုင် နှုန်းကို ပေးဖို့ရန် စဉ်းစားရမည်ဖြစ်ပြီး အခြားနည်းလမ်းများနဲ့ စဉ်းစား ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်ငန်းတွေအတွက် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင် ရွက်ပေးဖို့နဲ့ စက်ရုံတွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို မိမိအစီအစဉ်နဲ့ တပ်ဆင် အသုံးပြုနိုင်ဖို့ သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ခွင့်ပြုပေးဖို့ ၊ လုပ်ငန်း မှတ်ပုံတင် တရားဝင်လျှောက်ထားခြင်းကို မြန်ဆန်စွာ ဆောင်ရွက်ပေးဖို့၊ ကုန်ကြမ်းနဲ့စက်ပစ္စည်းတင်သွင်းမှု ကို သီးသန့် Channel တစ်ခုအဖြစ် ဆောင်ရွက်ခွင့်ပေးဖို့ အေးထွန်းက တင်ပြပါတယ်။

မင်းအောင်လှိုင်ကတော့ လျှပ်စစ်အခက်အခဲရှိနေတာက စီမံကိန်းကြီးတွေ ရပ်ဆိုင်းနေလို့ဖြစ်ပြီး LNG နဲ့ လျှပ်စစ်ရအောင် လုပ်မယ်ဆိုရင် ခွင့်ပြု ပေး မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စပါးခွံအသုံးပြုတဲ့ Gasifier နဲ့ တစ်နိုင်ငံလုံး လျှပ် စစ်ရရှိရေး ဆက်လက် ကြိုးစား နေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

ပြည်တွင်းမှာ အဝတ်အထည်တွေ ထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းတာတွေ ရပ်ခိုင်း

=========================================

အကြမ်းဖက် မင်းအောင်လှိုင်က အထည်ချုပ်ကဏ္ဍနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ အဝတ်အထည်တွေ ထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းတာတွေ ရပ်ခိုင်း လိုက် ပါတယ်။ ပြည်တွင်းအထည်ချုပ်စက်ရုံတွေ လည်ပတ်နိုင်ရေး ကြိုးစားဖို့လည်း မင်းအောင်လှိုင်က တွန်းအားပေးပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်း ရေးမှူး ခိုင်ခိုင်နွယ်က Supporting Industry ကဏ္ဍအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ တင် သွင်း နိုင်ရေး ပံ့ပိုးကူညီပေးနိုင်ဖို့ တောင်းဆိုမှုကို မင်းအောင်လှိုင်က ပယ်ချခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းအများစု တောင်းဆိုချက် မင်းအောင်လှိုင် လျစ်လျူရှုခဲ့

========================================

ပလတ်စတစ် လုပ်ငန်းရှင်အသင်း၊ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်း၊ ဆီစက်ပိုင်ရှင်များအသင်း၊ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ အသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်းတွေကနေ မင်းအောင်လှိုင်ကို မူဝါဒ တွေ ပြောင်းလဲဖို့ ပြည်ပပို့ကုန်တွေ တင်သွင်းခွင့်ပေးဖို့ တောင်းဆိုမှု တွေကို လည်း မင်းအောင်လှိုင်က သဘောမတူဘဲ ပယ်ချခဲ့ပါတယ်။

သုံးသပ်ချက်

=======

အကြမ်းဖက်မင်းအောင်လှိုင်က စီးပွားရေးသမားတွေနဲ့ အမည်ခံသာ တွေ့ဆုံ တာဖြစ်ပြီး အဖြေမထွက်ခဲ့ပါဘူး။ မင်းအောင်လှိုင်ဟာ စျေးကွက်စီးပွားရေး စနစ်ဆိုတာထက် စစ်တပ်နဲ့ သူထိန်းချုပ်ချင်တဲ့ စီးပွားရေးပုံစံကိုပဲ အဓိက သွား ချင် နေပါတယ်။ မွေးမြူရေးလုပ်ဖို့နဲ့ ပြည်တွင်း ဖူလုံဖို့ အဓိက ဦးစားပေးဖို့ဆိုတဲ့ မူနဲ့ မင်းအောင်လှိုင်က စီးပွားရေး သမားတွေရဲ့ တောင်းဆိုမှုတွေကို ပယ်ချ နေ တာမို့ လက်ရှိ အခြေ အနေ မှာစီးပွားရေးတိုးတက်ဖို့ လမ်းမ မြင်ဘဲ ရှိရင်းစွဲ စီးပွားရေးပါ ပျက်စီးနေတယ်လို့ စီးပွားရေးသမားတွေက ဆိုကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article