အရာတော်မြို့နယ်တွင် PDF ရဲဘော် ၁ ဦးကျဆုံးခြင်း ၁ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂၈
အရာတော်မြို့နယ်တွင် PDF ရဲဘော် ၁ ဦးကျဆုံးခြင်း ၁ နှစ်ပြည့်နေ့အဖြစ် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် ကျေးလက်နေ ဒေသပြည်သူလူထုများက ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။