38 C
Yangon

ရန်ကုန်၊ တောင်ဥက္ကလာပရဲစခန်းတွင် ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိထားသော စခန်းမှူး လင်းလင်းထွန်း သေပြီ

Must read

ရန်ကုန်၊ တောင်ဥက္ကလာပရဲစခန်းတွင် ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိထားသော စခန်းမှူး လင်းလင်းထွန်း သေပြီ

ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာရဲစခန်းတွင် ရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းကို ရဲတပ်သား အာကာစိုးက သေနတ်ဖြင့် ပစ်ခတ်ရာ ဒုရဲမှူး လင်းလင်းထွန်း အပြင်း အထန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူခဲ့ရာမှ ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် တောင်ဥက္ကလာပ မြို့မရဲစခန်း တွင် စခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းက တပ်ဖွဲ့ဝင်များကို လုံခြုံရေးအလှည့်ကျ ကင်းတာဝန်များ ခွဲဝေချထားပြီးနောက် မှုခင်းစာရေးစားပွဲ ထိုင်ခုံတွင် ထိုင်နေ စဉ် ရဲတပ်သား အာကာစိုးက အလှည့်ကျကင်း ၂ ကြိမ် ချထားမှုအပေါ် မကျေ နပ်ကြောင်း သွားရောက်ပြောဆိုကြောင်း၊ ကင်း ၁ ကြိမ်သာစောင့်နိုင်သည်ဟု ဒုရဲမှူး လင်းလင်းထွန်းကို ပြောဆိုရာ ဒုရဲမှူး လင်းလင်းထွန်းက ရဲတပ်ဖွဲ့ဝင်များ အားလုံး ပြင်ပလုံခြုံရေးတာဝန်များ ထမ်းဆောင်နေရကြောင်း၊ အရေးကြီးနေ့ဖြစ်သဖြင့် လုံခြုံရေးအထူးဂရုပြုစောင့်ကြပ်ရမည်ဖြစ်ကြောင်း ပြောဆိုပြီး စကားများကြကြောင်း သိရှိရသည်။

ယင်းနောက် ရဲတပ်သား အာကာစိုးက ဒုရဲမှူး လင်းလင်းထွန်းကို M-16 သေနတ် ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ ဒုရဲမှူး

လင်းလင်းထွန်း၏ ယာပါးဖောက်ဝင်၊ မေးရိုးဖောက်ထွက်ဒဏ်ရာဖြင့် အသက်အန္တရာယ် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဒုရဲမှူး လင်းလင်းထွန်း ကို မြောက်ဥက္ကလာပဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကုသခဲ့ရာမှ သေဆုံးခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်သူ ရဲတပ်သား အာကာစိုးကို တောင်ဥက္ကလာပမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားကြောင်း သိရှိရသည်။

“ရဲစခန်းမှူး လင်းလင်းထွန်း ဇူလိုင်လ ၂၇ ရက်နေ့ညမှာ သေဆုံးပါပြီ။ ဇူလိုင်လ ၂၉ ရက်နေ့ မှာ သဂြိုလ်ပါမယ်” ဟု ရဲစခန်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article