25 C
Yangon

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသား အားလုံး လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာ ကော်မတီများ တိုးချဲ့ဖွဲ့စည်းရန် NLD ပါတီ ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်

Must read

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသား အားလုံး လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာ ကော်မတီများ တိုးချဲ့ဖွဲ့စည်းရန် NLD ပါတီ ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသား အားလုံး လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာ ကော်မတီများ ဖွဲ့စည်းရန် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလဒုတိယအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့်ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ၁ ဦး၊ ဗဟိုကော်မတီဝင် ၄၄ ဦး၊ အရံဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၇ ချက် ချမှတ်နိုင်ခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက်ယုံကြည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် နှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီ ကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များကို ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအစည်းအဝေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြောင်း၊ ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်း အစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အကြံပြုချက် များ အားလုံးကိုလည်း ဒုတိယ ဗဟို ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မှတ်တမ်းတင် ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article