28 C
Yangon

ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ

Must read

ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၄၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၃ လက်အောက်ခံ၊ နဗဟ ၂ မှူး ဗိုလ်မှူးကြီး ကျော်ဇင်ယျ ဦးဆောင်သော ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူများ နေထိုင်သည့် ကျေးရွာများအနီး ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး အောင်မင်္ဂလာကျေးရွာမှ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူ ၃ ဦးမှာ အသက် ၁၂ နှစ်အရွယ် မခင်မာအေး၊ အသက် ၁၉ နှစ်အရွယ် မဌေးမိုး (၁၉) နှစ် နှင့် အသက် ၂၂ နှစ်အရွယ် မကောက်ချမ်း တို့ဖြစ်ပြီး မျှစ်ရှာ မှိုကောက်ရင်း မိုင်းနင်းမိခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း နှင့် မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် ဒေသနေ ပြည်သူများသည် ၎င်းတို့၏ ဥယာဥ်ခြံမြေများကို အလုပ်သွားရောက် လုပ်ကိုင်ရန် စိုးရိမ် ထိတ်လန့်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article