29.2 C
Yangon

လူထု၏ စစ်အာဏာရှင် တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ထိုးနှက် ဖြိုခွဲမည် မဟုတ်ပါ

Must read

လူထု၏ စစ်အာဏာရှင် တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ထိုးနှက် ဖြိုခွဲမည် မဟုတ်ပါ

By အီဂေါဗလာဇီဗစ်

စစ်အာဏာရှင်တို့သည် အစိုးရ ဂိမ်းကြီးကြီးတစ်ခုကို ကစားနေပြီး ၎င်းတို့တွင် ဗျူဟာရှိကာ အဆင့်ဆင့် အကောင်အထည်ဖော်နေခြင်းအား တွေ့မြင် နေရ သည်။ ထိုအခြေအနေဖြစ်နေကြောင်းသိမှတ် ထားရန်လိုပါသည်၊။သို့သော် တည် တည်ငြိမ်ငြိမ်ဖြင့် တော်လှန်ရေးရည်ရွယ်ချက်အပေါ် ပြတ်သား စွာ အာရုံ စိုက်နေခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ရုန်းကန်တော်လှန်မှုတိုင်းတွင် အတက်အကျနှင့် စိုးရိမ်ပူပန်စရာ အခိုက် အတန့်များရှိတတ်ပါသည်။ ခြိမ်းခြောက်မှုများသည် တခါတရံတွင် အမှန် တကယ် အခြေအနေထက် ပိုမိုကြီးမားနေသယောင် ပုံပေါက်နေတတ်ပါသည်။ စိန်ခေါ်မှုအခိုက်အတန့်တိုင်းအား လိုက်လံခံစားမနေခြင်းသည် ပိုကောင်း ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခန်းကဏ္ဍသည်ထင်ရှားဩဇာရှိသည်ဖြစ်ရာ ပြည်သူအများအတွက် ရှုပ်ထွေး၀ေ၀ါးမှုများဖြစ်ကောင်းဖြစ်စေမည့် အခြေ အနေများဖြင့် ကစားကောင်းကစားနိုင်ခြေရှိလာနိုင်ပါသည်။ သို့သော် သူသည် လူထုတော်လှန်ရေးကို ထိုးနှက်မည် မဟုတ်သည်မှာ သေချာပါသည်။

တရုတ်နိုင်ငံ၏ အာရှရေးရာအထူးသံတမန် Deng Xijun အား ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံရန် စစ်အာဏာရှင်တို့ကခွင့်ပြုခဲ့ပြီးဖြစ်ရာ မင်းအောင်လှိုင် သည် တရုတ်နိုင်ငံသို့သွားရောက် နိုင်ရန်လမ်းပွင့်သည်ဟုဆိုင်နိုင်ပါသည်။

တရုတ်-အိန္ဒိယ-ထိုင်းတို့၏ ယူနီဖောင်း၀တ်မြန်မာစစ်ရာဇ ၀တ်ဂိုဏ်းအပေါ် တစ်စိတ်တစ်ပိုင်းအပြိုင်အဆိုင်ပင် အစိတ်အပိုင်းအလိုက် ပူးပေါင်းဆောင်ရွက် နေခြင်း၊ တရားဝင်မှုပေးနေခြင်း နှင့် ထောက်ခံအားပေးနေခြင်းများ သည် သာနွေဦးတော် လှန်ရေးကြီးအတွက် အမှန်တကယ်ခြိမ်းခြောက်မှု ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခြိမ်းခြောက်မှုမဟုတ်ပါ။

တရုတ်-အိန္ဒိယ-ထိုင်းသည် ပထဝီအခြေပြုဗျူဟာစဥ်းစားချက်အားဖြင့် မြန်မာ နိုင်ငံအပေါ် သရဲမရဲ စီးအမဲဖျက်အနိုင်ကျင့်နေသော ကစားပွဲအား မြန်မာ ပြည်သူများ၏အင်အားဖြင့် တန်ပြန်တွန်းလှန် ပစ်ရန် လိုအပ်လာပြီဖြစ်သည်။

နွေဦးတော်လှန်ရေး အင်အားစုတွေမှာ ( NUG/NUCC အပါအဝင်) မဟာဗျူ ဟာ ရှိသလား၊ လမ်းပြမြေပုံရှိသလား၊ ဘယ်လိုအကောင်အထည်ဖေါ်နေလဲလို့ မေးကြမည်ဆိုလျှင် သူတို့မှာ မဟာဗျူဟာရှိသည်။

အဲဒီဗျူဟာတွေရွေ့လျားပြောင်းလဲနေမယ်ဆိုတာကိုလည်း နားလည်လို့ရသည်။ မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးက ပေါ်ထွက်လာတဲ့ ခိုင်မာမှု ရလဒ် တွေက အံမခန်းတဲ့ ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနဲ့ သံန္ဒိဌာန်တွေကို ပြသနေသည်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ရက်စက်ရိုင်းစိုင်းတဲ့၊အမြစ်တွယ်နေတဲ့ အကျိုး စီးပွား တွေရှိတဲ့ အာဏာရှင်တွေကို ဆန့်ကျင်ရတဲ့ လူထုတော်လှန်ရေးတွေကို ၃ လကနေ ၈ လအတွင်းမှာ လုံးဝချေမှုန်းခံလိုက်ရတာကိုပဲ တွေ့ခဲ့ကြရသည်။ ဒါပေမယ့် လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးကတော့ ရုန်းကန်တိုက်ပွဲတွေကို ထိန်းသိမ်းရပ်တည်နေတာ ၂ နှစ်ခွဲရှိပါပြီ။ တကယ့်ကို မှတ်တမ်းတင်ရတဲ့ အထင်ကရ အခြေအနေဖြစ်သည်။

ဒီတိုက်ပွဲဟာခက်ခဲကြမ်းတမ်းသည်။ တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ( အပါးသိုက်) တိုက်ပွဲဟာလည်း ခက်ခဲကြမ်းတမ်းခဲ့သည်။ လွတ်မြောက်ရေး တိုက်ပွဲတိုင်းဟာ ခက်ခဲကြမ်းတမ်းသည်။ လက်ရှိယူကရိန်းရဲ့ တိုက်ပွဲကို ကြည့်ရင်လည်း ခက်ခဲကြမ်းတမ်းတာတွေ့ရမည်ဖြစ်သည်။

မြန်မာပြည်က ရုန်းကန်တိုက်ပွဲများက ခက်ခဲကြမ်းတမ်းသည်။ အဘယ်ကြောင့် ဆို သော် တော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရသည်က အင်မတန် ရက်စက်ကြမ်းကြုတ်သည့် လူသတ်စစ်အုပ်စု ဖြစ်သည်။ စစ်အုပ်စုဟာ သယံဇာတ အရင်းအမြစ်တွေကို ထိန်းချုပ်ထားပြီး ပြည်သူမပါဘဲ ရပ်တည်လို့ ရနေသည်။ ပထဝီနိုင်ငံရေးဖြစ်တည်မှုကလည်း တော်လှန်ရေးဘက်ကို အထောက်အကူမပြုပေ။ ( အိမ်နီးချင်းတွေ၊ ပြင်ပက ဆက်နွယ်သူ တွေက လည်း အာဏာရှင်တွေပါ)

တော်လှန်ရေးအင်အားစုများတွင် ကျော်လွှားရ မလွယ်ကူလှသည့် စိန်ခေါ်မှုကြီး ၂ ခုရှိသည်။ အရင်းအမြစ်နည်းပါးပြီး စုံလင်ကွဲပြားရှုပ်ထွေးသည့် တော်လှန်ရေး အစုအဖွဲ့များ၏ ဖြစ်တည်မှုဖြစ်သည်။ သို့သော် ခရီးပေါက်ခဲ့သမျှအပေါ်မှာ ယုံကြည် လေးစားသင့်သည်။

လူထုကမုန်းတီးတဲ့ ခိုးဝှက်လုယက်နေတဲ့ ဂျီနိုဆိုက်လူသတ်သမားတွေ အာဏာချုပ်ကိုင်နိုင်အောင်လွှတ်ထားပေးမှာလား။ ဒါဆိုရင်တော့ သူတို့ဟာ တိုင်းပြည်အရင်းအမြစ်ကို ပြည်သူတွေကို ဖိနှိပ်ဖို့မှာ၊ စိတ်ကူးပေါက်ရာ လုပ်ဖို့မှာနဲ့ သူတို့ရဲ့ လောဘအတွက်ကိုပဲ သုံးကြပါလိမ့်မည်။

သားစားသတ္တဝါ ပြင်ပအင်အားစုတွေ ဝင်လာပြီး တိုင်းပြည်သယံဇာတနဲ့ ဆင်းရဲနေတဲ့ ပြည်သူတွေကို အမြတ်ထုတ်လို့ ရအောင် စစ်အုပ်စုက ခွင့်ပြုထားလိမ့်မည်။ စစ်အာဏာရှင်တွေလုပ်တတ်တဲ့ တခုတည်းသော အလုပ်က အတွင်း အပြင် ကိုလိုနီစနစ်တည်ထောင်ပြီး မြန်မာပြည်သူ ဘဝတွေကို မနာတမ်းတွယ်ကပ်သွေးစုပ်မဲ့ ကပ်ပါးကောင်တွေ အဖြစ်ရပ် တည်ခြင်းဖြစ်သည်။

ပြည်သူတွေ ဆင်နွှဲနေတဲ့ စစ်အာဏာရှင် အမြစ်ပြတ် လက်နက်ကိုင် တော် လှန်ရေးကို လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဘူး၊ အကွဲကွဲ အပြဲပြဲ ဖြစ်စေမယ်လို့ ပြောဆိုဝေဖန်မှုတွေဟာ စစ်အာဏာရှင် လိုလားတဲ့ အခြေအနေတွေပဲဖြစ်သည်။

ထပ်ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က လူထုတော်လှန်ရေးကို ထိုးနှက်မည် မဟုတ်သည်မှာ သေချာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခြိမ်းခြောက်မှုမဟုတ်သည်က လုံး၀ အသေအချာဖြစ်သည်။

ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ ခုနှစ် မဲဆွယ်စည်းရုံးရေး ခရီးစဉ် တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article