30 C
Yangon

မြန်မာစစ်တပ် ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုမြောက်နိုင်သော လူသားချင်းစာနာ ထောက် ထားမှု ဆိုင်ရာ အကူအညီများအပေါ် ပိတ်ဆို့တားမြစ်မှုများ

Must read

မြန်မာစစ်တပ် ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုမြောက်နိုင်သော လူသားချင်းစာနာ ထောက် ထားမှု ဆိုင်ရာ အကူအညီများအပေါ် ပိတ်ဆို့တားမြစ်မှုများ

ရန်ကုန်၊ ဩဂုတ် ၁

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးရုံး (OHCHR) က လတ်တလောထုတ် ပြန်ခဲ့ သော အစီရင်ခံစာအရ မြန်မာစစ်တပ် သည် အရပ်သားပြည်သူများ ကို သတ် ဖြတ်ခြင်း၊ ပြည်သူတို့၏နေအိမ်နှင့်စားနပ်ရိက္ခာများအားဖျက်ဆီးခြင်း၊ အထိ ခိုက်လွယ်ဆုံးသူများထံ အရေးပေါ်ကူညီကယ်ဆယ်ရေး ထောက်ပံ့ကူညီမှု များ မရောက်ရှိနိုင်အောင် ကန့်သတ်ပိတ်ပင်ခြင်းများ စနစ်တကျလုပ်ဆောင် လျက် ရှိကြောင်း ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူပြီးချိန်မှစ၍ မြန်မာစစ်ခေါင်း ဆောင် များသည် ပြည်သူများကိုထိန်းချုပ် ရန်အတွက် ‘အကြောက်တရား လွှမ်းမိုး သောဝန်းကျင်တစ်ရပ်’ ဖန်တီးတည်ဆောက်နေခဲ့ပြီး အထောက်အပံ့ များ မရရှိနိုင်အောင် နည်းလမ်းမျိုးစုံသုံးကာ ကန့်သတ်ပိတ်ဆို့ခြင်းဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းအား ဖိနှိပ်ထားသည် ဟု OHCHR မြန်မာနိုင်ငံ အဖွဲ့၏ အကြီးအကဲဖြစ်သူ James Rodehaver က ပြောကြားခဲ့သည်။

ရက်စက်ကြမ်းကြုတ်သောနည်းဗျူဟာများ

========================

မြန်မာစစ်တပ်မှချမှတ်ဖော်ဆောင်သောနည်းဗျူဟာများတွင် အရပ်သား ပြည်သူ့ နယ် မြေဧရိယာများအပေါ် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခြင်း နှင့် လေကြောင်းဖြင့်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ကျေးရွာများအား မီး တင် ရှို့ခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ထွက်ပြေးရသူများ ပြန်မလာ နိုင်အောင် မြေ မြှုပ် မိုင်းထောင်ခြင်းတို့ ပါဝင်သည်ဟု သူက ဆက်လက် ရှင်း လင်း ပြောကြား ခဲ့ သည်။

“သူတို့ပုံမှန်လုပ်ဆောင်နေတဲ့ နောက်ထပ်လုပ်ရပ်တစ်ခုက စားနပ်ရိက္ခာ၊ ကောက် ပဲသီးနှံနဲ့ မျိုးစေ့သိုမှီးသိမ်းဆည်း ရာ စပါးကျီတွေ၊ ဂိုထောင်တွေ ကိုမီးရှို့ဖျက်ဆီးတာ၊ ဆေးရုံဆေးခန်းနဲ့ ဆေးဝါးဆေးပစ္စည်းတွေကို ဖျက် ဆီးတာ၊ ကျန်းမာရေးလုပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက် တာတွေ ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

မေလအတွင်း ဖျက်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ် ခဲ့ပြီး ချိန် နောက်ဆက်တွဲကာလတွင် မြန်မာစစ်တပ်သည် လူသားချင်းစာနာ ထောက် ထား မှုဆိုင်ရာအထောက်အပံ့များပေးအပ်ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ပိတ်ပင်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း Mr. Rodehaver က ဆက်လက်ပြောကြားခဲ့သည်။

လူပေါင်း ၁၇ ဒသမ ၆ သန်း ကျော် သို့မဟုတ် မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံက ကူညီထောက်ပံ့ မှုများ လိုအပ်လျက်ရှိသည်။

OHCHR ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့ တွင် မြန်မာနိုင်ငံတွင်းလူ့အခွင့် အရေးအခြေအနေအကြောင်း ခြုံငုံရှင်း လင်းတင်ပြရာ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ကူညီမှု များအား ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တားဆီးခြင်း သို့မဟုတ် ငြင်းဆန်ပယ်ချ ခြင်း ကို နိုင်ငံတကာဥပဒေအား ကြီးကြီးမားမားချိုးဖောက်ကျူးလွန် သည့်လုပ် ရပ် အဖြစ် မှတ်ယူနိုင်ကြောင်း အလေးအနက်ထည့်သွင်းတင်ပြသွား သည်။

ထောက်ပံ့ကူညီရေးလုပ်သားများကို ရန်သူများအဖြစ်သတ်မှတ်ဆက်ဆံခြင်း

==========================================

“မြန်မာစစ်တပ်ဟာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို သူတို့ကို ဆန့်ကျင်နေသူတွေကိုကူညီနေသူ တွေအဖြစ် သတ်မှတ်ကိုင်တွယ်နေခဲ့တာပါ။ ကူညီထောက်ပံ့မှုပေးနေသူတွေကို အကာအကွယ်ပေးရမယ့်အစား၊ ဒီလိုဆင်းရဲ ဒုက္ခဖြစ်နေတဲ့ကာလမှာ အရပ်သားပြည်သူတွေဆီ အထောက်အပံ့ တွေရောက် ရှိအောင် ပံ့ပိုးဆောင်ရွက် ရမယ့်အစား ဒီလိုလုပ်ဆောင်နေပါတယ်” ဟု သူက ဆိုခဲ့သည်။

အစီရင်ခံစာတွင်အနှစ်ချုပ်ရှင်းလင်းဖော်ပြထားသော ‘ဖြတ်လေးဖြတ်’ မဟာဗျူ ဟာ ကိုလည်း သူမကအကိုးအကား ပြုတင်ပြသွားခဲ့သည်။

‘ထောင်ပေါင်းများစွာသောအရပ်သားပြည်သူများ ထိခိုက်သေဆုံးစေရန်နှင့် တပြိုင်တည်း မှာပင် စားနပ်ရိက္ခာ၊ နေအိမ်နှင့်ဆေးရုံဆေးခန်းများအပါအဝင် ရှင်သန်ရပ်တည်နိုင်ရေးအတွက်လိုအပ်သည့် ကုန်ပစ္စည်းများနှင့် အခြေခံ အဆောက် အအုံများကိုဖျက်ဆီးရန်’ ဟူသော စစ်တပ်၏မဟာဗျူဟာပင် ဖြစ် သည်။

ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၁.၅ သန်း ခန့်နှင့် မီးရှို့ဖျက် ဆီးခံရသည့်အရပ်သားနေအိမ် အဆောက်အဦးပေါင်း ၆ သောင်း ခန့်ရှိလာခဲ့ ပြီဟု သူက ဆက်လက်တင်ပြခဲ့သည်။

အရပ်သားအစိုးရကိုဖြုတ်ချခဲ့ချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ကာလအတွင်း စစ်တပ်နှင့် ၎င်း၏လက်ကိုင်တုတ် အဖွဲ့များလက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသူ အနည်းဆုံး ၃၄၅၂ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံရသူ အနည်းဆုံး ၂၁၈၀၇ ဦး ရှိလာ ခဲ့ပြီဖြစ်ကြောင်း စိတ်ချယုံကြည်ရသောရင်းမြစ်များက အတည်ပြုထုတ်ပြန် ခဲ့ သည်။

အတိုင်းထက်အလွန်ပိုမိုဆိုးရွားလာသောအခြေအနေ

=============================

“ကျွန်မတို့ရဲ့အစီရင်ခံစာအရ စစ်အာဏာသိမ်းလိုက်ကတည်းကစပြီး လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီရေး လုပ်သားတွေ အတွက် အခြေအနေအလွန်အမင်းပိုမိုဆိုးရွားလာတာကို ထင်ထင်ရှားရှား မြင်နေရတယ်။ ကူညီထောက်ပံ့မှုပေးနေသူတွေအနေနဲ့ ဖမ်းဆီးခြင်း၊ နှောင့်ယှက်စော် ကား ခြင်း၊ မတရားပြုကျင့် ဆက်ဆံခြင်း၊ နောက်ဆုံး အသက်ဆုံးရှုံးရ ခြင်းမျိုး နဲ့တောင် အချိန်မရွေးရင်ဆိုင်ကြုံတွေ့ရနိုင်တယ်”ဟု သူက ဆိုသည်။

“လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့အခြေအနေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ကူညီ မှုတွေကို ငြင်းဆန်ပယ်ချတာ၊ ဒါမှမဟုတ် ပိတ်ပင်တားဆီးတာဟာ ရည်ရွယ်ချက်ရှိရှိ အသက်သေဆုံးစေခြင်း၊ ညှင်းပန်းခြင်းနှင့်နှိပ်စက်စော်ကားခြင်း၊ ဆာလောင်ငတ်မွတ်စေခြင်း၊ အစု လိုက် ဒဏ်ခတ်နှိပ်စက်ခြင်း ကဲ့သို့သော စစ်ရာဇဝတ်မှုတွေ (war crimes) ကျူးလွန် တာလို့ မှတ်ယူနိုင်တယ်” ဟု ၎င်းက သတိပေးသည်။

အရပ်သားပြည်သူတစ်ရပ်အပေါ် စနစ်တကျတိုက်ခိုက်မှုတွေ ကျယ်ကျယ် ပြန့် ပြန့် ဖြစ်တည်နေတဲ့အခြေအနေ မျိုးမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေကို ရည်ရွယ်ချက်ရှိရှိငြင်းဆန်ပယ်ချတာဟာ လူသတ်မှု၊ သုတ်သင်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြား လူမဆန်သည့်လုပ်ရပ် များ သို့မဟုတ် လူမျိုးဘာသာအခြေခံ ပစ်မှတ်ထားနှိပ်ကွပ်သတ်ဖြတ်မှု ကဲ့သို့ သော လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု (crimes against humanity) များ ကျူးလွန်သည်ဟု မှတ်ယူနိုင်ကြောင်း သူက သုံးသပ် ပြောဆိုသည်။

ပြည်သူအပေါ်ကူညီထောက်ပံ့ မှု
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article