30 C
Yangon

ရွှေဘိုမြို့မုဒ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲပြီး လာဖြုတ်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ရွှေဘိုမြို့မုဒ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲပြီး လာဖြုတ်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မုဒ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင့်ရေး စာတန်းချိတ်ဆွဲပြီး လာဖြုတ်ယူသည့် စစ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force – SBDF တပ်ဖွဲ့စခန်းတာဝန်ခံ ဗိုလ်ကျွဲကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက် နေ့လည် ၁၁ နာရီခန့်က ရွှေဘိုမြို့မုခ်ဦးတွင် “မအလ မင်းအောင်လှိုင် မလာရဲတဲ့မြို့”ဟု စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ယူရန် ရွှေဘိုမြို့ထဲမှ အကြမ်းဖက်စစ်သား ၅၀ ခန့်ထွက် လာပြီး ၅ ယောက်တစ်ဖွဲ့ ကင်းပုန်းယူစဉ် ကြိုတင်စီစဉ်ထောင်ထားသည့် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့ထွက်လာတဲ့အချိန်က ၁၀ နာရီခွဲ ၁၁ မတ်တင်းလောက်ကို အင်အား ၅၀ လောက်ဖြန့် ခင်းပြီး ထွက်လာတာ၊ ပထမ အကြိမ်ဆွဲလိုက်တော့ ၂ ယောက်လဲကျသွားတယ်၊ အဲနှစ်ယောက်ကို ကားနဲ့ ထပ် တင်သွားတယ်၊ နောက် ၁၅ မိနစ်လောက်ကြာတော့ အဲဒီဆိုင်းဘုတ်နားလေးပတ်လည်ချာလည်နဲ့ ကျနော်တို့ရှိမယ့်နေရာကို ရမ်းသမ်းပစ်တယ်၊ အဲဒါပြီးတော့ စစ်သား ၃ ယောက်၊ အရပ်ဝတ်တွေနဲ့ ဆိုင်း ဘုတ်ကိုလာဖြုတ်တယ်၊ ဖြတ်တဲ့အချိန်မှာ ထပ်ဆွဲလိုက်တာ၊ အဲဒီ ၃ ယောက်ကတော့ လွင့်သွားတယ်ဗျ” Buffalo Soldiers Freedom Force – SBDF တပ်ဖွဲ့စခန်းတာဝန်ခံ ဗိုလ်ကျွဲကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

အလားတူ နေ့လည် ၁၂ နာရီခန့်တွင် ဆိုင်းဘုတ်ဖြုတ်ယူနေသည့် စစ်သားများကို ရှေ့ထွက်မိုင်း ၅ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ယင်းဆိုင်းဘုတ်ကိုလည်း မရမက ဖြုတ်ယူသွားကြောင်းသိရသည်။

အဆိုပါစစ်ဆင်ရေးကို တောကျီးကန်းပြောက်ကျားတပ်ဖွဲ့၊ Buffalo Soldiers Freedom Force – SBDF စခန်းခွဲ ၁၁ နှင့် ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများမှ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article