30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဘီယာထိုင်သောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား (၂) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးလုံး သေသွားတဲ့အပြင် ၊သေနတ် ၂ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်းမှာ ၆ ရက်ကြာတိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး ၊ အကြမ်းဖက် စစ်ကောင်စီဘက်က ၃ ဦးသေသွားသလို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီကနေ သိရပါတယ်။

– မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြ ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးနေတဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article