ကနီမြို့မရဲစခန်းတွင် စခန်းမှူး မွေးနေ့ပွဲကျင်းပနေစဉ် မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မွေးနေ့ရှင် စခန်းမှူးနှင့်နယ်ထိန်းတို့ သေဆုံး
ရန်ကုန်၊ ဩဂုတ် ၃
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့မရဲစခန်းအတွင်း၌ စခန်းမှူးထွန်းမြင့်၏ မွေးနေ့ပွဲကျင်းပနေစဉ် မောင်းသူမဲ့လေငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မွေးနေ့ရှင်စခန်းမှူးထွန်းမြင့်နှင့် နယ်ထိန်း ဆန်းဌေးတို့ သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီခန့် အကြမ်းဖက်စစ်သား၊ ရဲပူးပေါင်း အင်အား ၁၀၀ ခန့်ဖြင့် တပ် စွဲထားသည့် ကနီမြို့မရဲစခန်းအတွင်း၌ စခန်းမှူးထွန်းမြင့်၏ မွေးနေ့ ပွဲကျင်းပနေစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ Shar Htoo Waw Drone နည်းပညာ (မောင်းသူမဲ့ လေယာဉ်)ကို အသုံးပြုပြီး ဗုံးသီး ၄ လုံးချဲချ တိုက်ခိုက်ခဲ့ရာ မွေးနေ့ရှင် စခန်းမှူးထွန်းမြင့်နှင့်နယ်ထိန်း ဆန်းဌေးတို့ သေဆုံးပြီး မြို့နယ်မှူး တစ်ဦး၊ ရဲမေတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးသီးက မွေးနေ့ပွဲကျင်းပနေတဲ့အပေါ်ကို တည့်တည့်ကျတာဗျ၊ မွေးနေ့ပွဲကိတ်လေးတောင် မခွဲလိုက် နိုင်ဘူးလို့ သိရတယ်၊ အခုလောလောဆယ်တော့ သေတဲ့အလောင်းတွေကို ဆေးရုံပို့ထားပြီး ရဲစခန်းထဲ မှာရော၊ ရဲမိသားစုဝင်တွေရော ငိုနေကြတယ်ဗျ၊ ရဲစခန်းထဲကရော၊ ရွေစည်းခုံတောင်ပေါ်ကနေရော ပြန်ပစ်တာရှိပေမယ့် ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ (KLG PDF(ကျောက်လုံး ကြီး)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက် ခိုက်နိုင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
