33 C
Yangon

ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၇ လုံးပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွား

Must read

ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၇ လုံးပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွား

ရန်ကုန်၊ သြဂုတ် ၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၇ လုံးပြာကျခဲ့ကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားလို့ မရကန်ရွာက နေအိမ် ၂၇ လုံး မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေ မီးရှို့သွားတဲ့ နေအိမ် ၂၇ လုံးထဲက အိမ်ခြေ ၂၀ ခန့်က အရင်က အရှို့ခံခဲ့ရလို့ အခုမှ ယာယီနေထိုင်ဖို့ အသစ်ပြန်ဆောက်ထားတာ စစ်ခွေးတွေက နေအိမ်တွေကို မွှေနှောက်ရှာဖွေ ဖျက်ဆီး ခိုးယူထားတာတွေလည်း တွေ့ရတယ်” ဟု ရေဦး အခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ​ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၂ ရက်နေ့ ညတွင် မရကန်ရွာ၌ ညအိပ်တပ်စွဲပြီး ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မရကန်ရွာမှ ဒီပဲယင်းမြို့တွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

Photo – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article