22 C
Yangon

လောင်းလုံးမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး

Must read

လောင်းလုံးမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ ဩဂုတ် ၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရပ်ခံတောင်ပေါ်ဘုရား၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၂ ရက် နံနက် ၃ နာရီခန့်က လောင်းလုံးမြို့နယ်၊ နခံတောရွာ၊ ရပ်ခံတောင်ဘုရားပေါ်သို့ အင် အား ဖြည့်ရန် မြေတင်ကား ၃ စီးဖြင့် အင်အား ၁၅၀ ခန့်ရောက်ရှိလာပြီး နံနက် ၆ နာရီ မိနစ် ၂၀ အချိန် ဗထူးစစ်ကြောင်းတပ်စွဲထားရာနေရာဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ မိနစ် ၂၀ ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ရာ တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိ ပြီး ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကြောင်းသည် ခမောင်းတောင်ကျေးရွာမှ တောင်မင်းပြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ဗထူးစစ်ကြောင်းမှ အသင့်စောင့်ဆိုင်းပြီး အင်အားပြင်း မိုင်း ၄ လုံးဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြည်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် တောင်မင်းပြောင်ကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက် ခဲ့ပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးကာ ပြည်သူ့နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆို သည်။

ထို့နောက် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် တောရှည်ရွာဘက်မှ ထပ်မံ၍ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကြောင်းသည် ဖွားဘုတ်ပြင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို ဖျက်ဆီးနေသဖြင့် ဗထူးစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးသီး ၈ လုံး၊ ၇၉ လက်လုပ် ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး မျက်နှာထိမှန်အပါအဝင် အကြမ်းဖက်စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲပြီးဆုံးပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့ နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့၌ လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာမှ မြို့ဟောင်းကျေးရွာဘက်သို့ ပြည်သူများကို ဖမ်းဆီးပြီး လူသားတံတိုင်းပြုလုပ်ကာ စစ်ကြောင်းထိုးလာခဲ့သဖြင့် ဗထူးစစ်ကြောင်းမှ ပစ်ခတ်ခိုက်တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေခဲ့သော်လည်း ပြည်သူများ ထိခိုက်နစ်နာမည်စိုးရိမ်သဖြင့် တိုက်ခိုက်ခြင်းမပြုပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဗထူးစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ညွှန်ကြားချက်များကို လိုက်နာ ပေးကြပါရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

အဆိုပါတိုက်ခိုက်မှုများကို ဗထူးစစ်ကြောင်းရှိ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- LLPDF ၊ Dawei Guerilla Revolutionary Force- DGRF(တပ်ခွဲ – ၄) ၊ Ye Phyu People Defence Force – YPPDF နှင့် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article