အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၃
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူတွေညီညီညွတ်ညွတ် အမြစ်မပြတ်သရွေ့ စစ်ဘီလူးတွေ ညစ်ပတ်သမျှ ခံနေရဦးမှာပဲ။ ညီညီညွတ်ညွတ် အမြစ်ဖြတ်ကြပါစို့” စာတန်း ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


