အရာတော်မြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၃
အရာတော်မြို့နယ်တွင် ယနေ့ သြဂုတ်လ ၃ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင် ကော်မတီနှင့် အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ ပူးပေါင်းကာ အရာတော်မြို့နယ် ကျေးရွာ တစ်ရွာတွင် လူအင်အား ထောင်ချီဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


