28 C
Yangon

“ပြည်သူ့အိုးအိမ်တွေမီးရှို့၊ ပစ္စည်းတွေခိုး၊ မြင်မြင်သမျှပစ်သတ်၊ အမျိုးသမီး တွေကို မုဒိမ်းကျင့် သတ်လို့ ရတယ်”ဟု ကြားထားကြောင်း CDM တပ်သား တင်သိန်း ပြောဆို

Must read

“ပြည်သူ့အိုးအိမ်တွေမီးရှို့၊ ပစ္စည်းတွေခိုး၊ မြင်မြင်သမျှပစ်သတ်၊ အမျိုးသမီး တွေကို မုဒိမ်းကျင့် သတ်လို့ ရတယ်”ဟု ကြားထားကြောင်း CDM တပ်သား တင်သိန်း ပြောဆို

ရန်ကုန်၊ ဩဂုတ် ၄

ကရင်နီပြည်နယ်အပါအဝင် စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားသော ဒေသများ တွင်“ပြည်သူ့အိုးအိမ်များကို မီးရှို့၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ၊ မြင်မြင် သမျှပစ်သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်လို့ရတယ်”ဟု စစ်တပ်၏ ထိပ်ပိုင်းအထက်က ညွှန်ကြားထားကြောင်း CDM တပ်သား တင်သိန်းက မိုးဗြဲ PDF တပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မ ၆၆ လက်အောက်ခံ မိုးဗြဲအခြေ စိုက် ခမရ ၄၂၂ တပ်ရင်းမှ တပ်သား တင်သိန်းက အမှတ် ၁၀၀၁၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၊ တပ်မခွဲ ၃ သို့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လာရောက်ခိုလှုံခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ယုတ်မာမှုများကို အထက်ပါအတိုင်း ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်ကို လူစိမ်းတစ်ယောက်က အလုပ်နဲ့လစာကောင်းမည့်နေရာကို ပို့ပေးမယ်လို့ပြောခဲ့ပါတယ်။ ကျနော့်ကို ငွေ (၃) သိန်းပေးပြီး တပ်စုဆောင်းရေး ထဲကို ခေါ်သွားပါတယ်။ သင်တန်းပြီးပြီးချင်း မိုးဗြဲ ဖက်ကို ရှေ့တန်း ပို့ခံရပါတယ်။ မိုးဗြဲမြို့တွင် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ပြည်သူ့အိုး အိမ်တွေကို မီးရှို့လို့ရတယ်၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလို့ရတယ်၊ မြင်မြင် သမျှကို သတ်ပစ်လို့ရတယ်၊ အမျိုး သမီးတွေကို မုဒိန်းကျင့်ပြီး သတ်ပစ် လို့ရတယ်လို့ အထက်က ညွှန်ကြားထားတာရှိခဲ့ပြီး မြေပြင်မှာလည်း လက်တွေ့ ကျွန်တော်မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ထံခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီတော်လှန်ရေးမှာ လိုအပ်လာပါက အာဏာရှင်စစ်တပ်ကို ပြန် လည် တိုက်ခိုက်ဖို့ ကျွန်တော့်အသက်ကို ပေးရဲပါတယ်” ဟု တပ်သား တင်သိန်းက ပြောကြားသည်။

ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံသော CDM တပ်သားတင်သိန်းကို အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ ကာ ကွယ်ရေး တပ် (MBPDF)၊ တပ်ခွဲ ၃ ကျွဲချိုတပ်ခွဲက ဆုငွေ ကျပ်သိန်း ၂၀ တိတိကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article