34 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လအတွင်း စစ်သား ၁၀၉ ဦးသေဆုံးပြီး စစ်တပ်ရုံး ၃ လုံး၊ ကားတစ်စီး၊ မြင်းလား ၄၁ ကောင် ဖျက်ဆီး နိုင်ခဲ့

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လအတွင်း စစ်သား ၁၀၉ ဦးသေဆုံးပြီး စစ်တပ်ရုံး ၃ လုံး၊ ကားတစ်စီး၊ မြင်းလား ၄၁ ကောင် ဖျက်ဆီး နိုင်ခဲ့

ရန်ကုန်၊ ဩဂုတ် ၄

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀၉ ဦးသေဆုံးကာ စစ်တပ်ရုံး အဆောက်အအုံ ၃ လုံး၊ ကားတစ်စီး၊ မြင်းလား ၄၁ ကောင်ဖျက်ဆီးနိုင်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၊ ၎င်းတို့၏ ခါးပိုက်ဆောင်တပ်၊ နယ်ခြားစောင့်(BGF) တပ်တို့အကြား တိုက်ပွဲပေါင်း ၁၈၉ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်ဖက်မှ ၁၀၉ ဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ရုံးအဆောက်အအုံ ၃ လုံးကို ဖျက် ဆီး နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် စားနပ်ရိက္ခာများ သယ် ဆောင်ခဲ့သည့်မော်တော် ကား (VIGO) တစ်စီး ကို လည်းဖျက်ဆီးနိုင်ခဲ့ ကြောင်း၊စစ်တပ်က အသုံးပြနေသည့် လာအကောင်ရေ ၄၁ ကောင်သေဆုံးကာ အကောင် ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ တိုင်းပြည်နှင့် လူမျိုး အ တွက် တပ်သား ၁ ဦးမြင့်မြတ်စွာ အသက်စတေးခဲ့ရကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လအတွင်း၌ အကြမ်းဖက်စစ်တပ်က ကျေးရွာ၊ လယ်ယာ၊ တောင်ယာ လုပ် ငန်း ခွင်များအတွင်းသို့ လက် နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံးတိုက်လေယာဉ်ဖြင့် ဗုံးသီးအကြီး ၁၂ လုံးကျဲ တိုက် ခိုက်ခဲ့ရာ အပြစ် မဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article