25 C
Yangon

ဂုတ်တွင်း လမ်းပိုင်းတွင် နောင်ချို အခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သား များ လိုက်ပါသော စစ်ကားကို ပစ်ခတ်မှု အရာရှိတစ်ဦး အပါအဝင် စစ်သား သေဆုံးမှု ၁၃ ဦးအထိတိုးလာ၊ စစ်သား ၅ ဦး ဒဏ်ရာ အပြင်းအထန်ရရှိထား

Must read

ဂုတ်တွင်း လမ်းပိုင်းတွင် နောင်ချို အခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သား များ လိုက်ပါသော စစ်ကားကို ပစ်ခတ်မှု အရာရှိတစ်ဦး အပါအဝင် စစ်သား သေဆုံးမှု ၁၃ ဦးအထိတိုးလာ၊ စစ်သား ၅ ဦး ဒဏ်ရာ အပြင်းအထန်ရရှိထား

ရန်ကုန်၊ သြဂုတ် ၄

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ် ခတ် တိုက်ခိုက်ခံရပြီး အဆိုပါ စစ်ကားတွင် နောင်ချိုအခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများလိုက်ပါကာ အရာရှိတစ်ဦး အပါအဝင် စစ်သား ၁၃ ဦးအထိ သေဆုံးမှု မြင့်တက်လာကြောင်း သိရှိရသည်။

သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ ဆုံးသူ ၁၃ ဦးအထိရှိလာကြောင်း သိရှိရသည်။

“ခမရ ၁၁၄ တပ်မှ တပ်ကြပ်ကြီး ၅ ဦး ပွဲချင်းပြီး သေပါတယ်။ ခမရ ၁၁၅ တပ် ရင်းမှ စစ်အရာရှိ ၂ ပွင့် ဗိုလ်အပါအဝင် တပ်ကြပ် တပ်ထိန်း ၈ ဦး သေဆုံး ပါတယ်။ သေဆုံးသူက စုစုပေါင်း ၁၃ ဦးရှိပါတယ်။ ဒဏ်ရာအပြင်းအထန်ရသူ ၅ ဦးရှိပါတယ်။ သေဆုံးတဲ့အလောင်းတွေကို နောင်ချိုဆေးရုံ ရေခဲတိုက်မှာ ထားရှိထားပါတယ်။ ဒဏ်ရာရသူတွေက ဒဏ်ရာပြင်းထန်လို့ ပြင်ဦးလွင် စစ်ဆေးရုံကို ပို့ထားပါတယ်” ဟု နောင်ချို သတင်း ရင်း မြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားတွင် စစ်အင်အား တိုးမြှင့်နေပြီး မကြာမီ တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း ဒေသပြည်သူ များက သုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ- ဂုတ်တွင်းလမ်းပိုင်းတွင် စစ်တပ်က တပ်ချ၍ စစ်ဆေးနေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article