39 C
Yangon

စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေတပ်အတွက် လေယာဉ်ဆီများ အမည်ခံ တင်သွင်းပေးနေပြီး ပြည်တွင်း ခရီးစဉ်များတွင် လက်နက်များကိုပါ သယ်ယူပေးနေ

Must read

စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေတပ်အတွက် လေယာဉ်ဆီများ အမည်ခံ တင်သွင်းပေးနေပြီး ပြည်တွင်း ခရီးစဉ်များတွင် လက်နက်များကိုပါ သယ်ယူပေးနေ

ရန်ကုန်၊ ဩဂုတ် ၅

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေတပ်အတွက် လေယာဉ်ဆီများကို အမည်ခံ တင်သွင်းနေပြီး ပြည်တွင်းခရီးစဉ်များတွင် စစ်တပ်အတွက် လက်နက်များကိုပါ သယ်ယူ ပေးနေကြောင်း နေပြည်တော်ပို့/ဆက်ဝန်ကြီးဌာန သတင်းရင်းမြစ် များက ပြောဆိုသည်။

အကြမ်းစစ်ကောင်စီ၏ လေတပ်အတွက် လေယာဉ်ဆီတင်သွင်းမှုများကို နည်း လမ်းမျိုးစုံဖြင့် နိုင်ငံတကာက ပိတ်ပင်လာချိန်တွင် လေယာဉ်ဆီ ရရှိရေး အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MNA လေကြောင်းလိုင်းက အမည်ခံပြီး လေယာဉ်ဆီ ဝယ်ယူပေးလာရကြောင်း ၊ လေတပ်အတွက် လေယာဉ်ဆီ ဝယ်ယူပေးရေးအတွက် အဓိက လုပ်ဆောင် သည့် ဌာနမှာ လေကြောင်းဦးစီးဌာန Department of Civil Aviation ဖြစ်‌ပြီး ယင်းဌာန၏ ဦးဆောင်သူများမှာလည်း စစ်တပ်ဘက်မှ ပြောင်းရွှေ့လာသော မိုးကျရွှေကိုယ်များသာ ဖြစ်ကြောင်း သိရှိရသည်။

“လေတပ်အတွက် လေယာဉ်ဆီ ဝယ်ရတာ ခက်လာတော့ MNA က အခု လေယာဥ်ဆီတွေကို လေတပ်အတွက် အမည်ခံ ၀ယ်ယူပေးနေပါတယ်။ ဒါ့ အပြင် MNA ရဲ့ ပြည်တွင်း လေယာဉ် ခရီးစဉ်တွေမှာ စစ်လက်နက်တွေကို ပူးတွဲ သယ်ပေးနေတယ်။ MNA နဲ့ပတ်သက်တဲ့ ဌာနတွေမှာလည်း ဌာန အကြီးအကဲတွေက မိုးကျရွှေကိုယ်တွေချည်းပဲဖြစ်နေတော့ Commercial Flight တွေမှာ စစ်လက်နက်တွေကို သယ်ဖို့ သူတို့က Approve ပေးနေ တယ်” ဟု နေပြည်တော်ပို့/ဆက် သတင်းရင်းမြစ်က ဆိုသည်။

MNA မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Chief Commercial Officer မှာ နိုင်စောလွင်ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ကျောင်းဆင်း အရာရှိဟောင်း တစ်ဦးဖြစ်ကြောင်း၊ MNA လေကြောင်းလိုင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးမှာ Khup Khan Mung ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်း စစ်အရာရှိ ဟောင်း တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းရွှေ့ လာခြင်းသည် လေတပ်တွင် ကြုံ တွေ့နေရသည့် လေယာဉ်ဆီ၊ လက်နက်ခဲယမ်းသယ်ယူမှု အပါအဝင် လေတပ် ၏ လုပ်ငန်းစဉ်များတွင် MNA လေကြောင်းကို ပိုမိုအသုံးချမည့် အခြေအနေ များရှိနေကြောင်း နေပြည်တော်ပို့/ဆက် သတင်းရင်းမြစ်က သုံးသပ်ပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article