27 C
Yangon

သပိတ်ကျင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုများနိုင်၊ ရွှေဘို ၆ ရက်တာတိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံး

Must read

သပိတ်ကျင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုများနိုင်၊ ရွှေဘို ၆ ရက်တာတိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်အချိန် တကောင်းမြို့၊ မတောင် ဘက်မှ ဆင်းလာသော ၁၀ ဘီးကားတစ်စီး၊ 4W ကား ၂ စီး စုစုပေါင်း ကား ၃ စီးဖြင့် ခန့်မှန်းအင်အား စစ်သား ၄၀ ကျော်ခန့်ပါ ကို ရွှေစကာရွာအနီးတွင် မိုင်းဖြင့် စောင့်ကြို‌ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ အသေပျောက်များနိုင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ အထိ ဖြစ်ပွားခဲ့သော ၆ ရက်တာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မဟူရာရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ အထိ ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီး ကျေးရွာမှ ဆိပ်ခွန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ပါ စစ်တပ်ကို ဒေသတော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဆိပ်ခွန်စခန်းတွင် ၆ ရက်ကြာ အထိုင်ချပြီး ဩဂုတ်လ ၄ ရက်နေ့ တွင် ပြန်လည် ဆုတ်ခွာသွား ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၆ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သားများ၏ အလောင်း များကို ပြည်သူတစ်ဦး၏ နေအိမ်တွင် ထည့်သွင်း၍ အိမ်ကိုပါ မီးရှို့သွားကြောင်း ၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ PDF ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မဟူရာ ရွှေဘိုသားLDF ၊ ဗိုလ်မိကျောင်း ၊Burma Liberation Democratic Front (BLDF)တပ်ခွဲ၄-SPECIAL REGIONAL ATTACKS FORCES MONYWA(BLDF) ၊Burmese Guerrilla Force၊ (BGF-Myingyan) ၊မုံရွာမြို့နယ် ပလဖ-GUARDIAN FORCE၊ Flying Dragon Force ၊ Shwebo Federal Army ၊ဒေါင်းမာန်၊War Lord Defense Force ၊Snake Eyes ၊ MDF ၊ရွှေဘို စွန်ရဲ ၊ဒီပဲယင်း မဟာမိတ် ညီနောင် များ နှင့် တိုက်နယ် ၂ ပကဖ တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ယာဉ်တန်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article