29 C
Yangon

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီထုတ်ဝေမည့် ၂၀၀၀၀ တန်ငွေစက္ကူ သုံးစွဲသူများကို အရေးယူမည်ဟု သရက်ချောင်း ပကဖ က အသိပေး ထုတ်ပြန်

Must read

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီထုတ်ဝေမည့် ၂၀၀၀၀ တန်ငွေစက္ကူ သုံးစွဲသူများကို အရေးယူမည်ဟု သရက်ချောင်း ပကဖ က အသိပေး ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်းအတွင်း စစ်ကောင်စီထုတ်ဝေမည့် ၂၀၀၀၀ တန်ငွေစက္ကူ သုံးစွဲသူများကို အရေးယူမည်ဟု သရက်ချောင်းမြို့နယ် ပကဖ က သြဂုတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထား​သည်။

၂၀၀၀၀ ကျပ်တန် ငွေစက္ကူကို လက်ဝယ်ကိုင်ဆောင်ခြင်း ၊ အသုံးပြုခြင်းများ တွေ့ရှိရပါက သိမ်းဆီးကာ ထိုက်သင့်သည့် အပြစ်ပေး အရေးယူမှုများ ထိရောက်စွာ ပြုလုပ်မည် ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသော အစိမ်းရောင်၂၀၀၀၀ ကျပ်တန် ငွေစက္ကူအား မြိတ်- ထားဝယ်လမ်းမကြီးများတွင်ဖြစ်စေ ၊ ရပ်ရွာများတွင်ဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် လက်ဝယ်ကိုင်ဆောင်းခြင်း ၊ အသုံးပြုခြင်းများ မပြုလုပ်ကြရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် တိုင်းပြည်ကို နည်းအမျိုးစုံဖြင့် ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အိမ်စောင့်အစိုးရက ပြည်သူလူထုမှ သိမှတ်မပြု တရားမဝင်အစိုးရဖြစ်သည့်အတွက် အကြမ်းဖက် စစ်ကောင်စီမှဦးဆောင်ကာ ဗဟိုဘဏ်မှ အသစ်ထုတ်ဝေ လျက်ရှိသော အစိမ်းရောင် ၂၀၀၀၀ ကျပ်တန် ငွေစက္ကူသည် တရားမဝင်သော ငွေစက္ကူ အဖြစ် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ အတိအလင်းကြေညာခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article