28 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ရွာသား ၆ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဝါဒဖြန့်

Must read

သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ရွာသား ၆ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဝါဒဖြန့်

ရန်ကုန်၊ ဩဂုတ် ၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ရွာသား ၆ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ပစ်သတ်ပြီး PDF ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဝါဒဖြန့်ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၄ ရက်နေ့က ဧရာဝတီမြစ်ကြောင်းတိုင်း ဆန်တက်လာသော သင်္ဘော ၉ စီးကို လုံခြုံရေး ယူ ပေးရန် အင်အား ၇၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေး ရွာများ ကို လှည့်ပတ်မွှေနှောက် ဆယ်ဇင်းကုန်းကျေးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ မင်းကုန်းကျေးရွာနှင့် ကျောက် အိုက်ကျေးမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် မင်းကုန်းရွာသား ၆ ဦးကို ဖမ်း ဆီး သတ် ဖြတ်ပြီး တကောင်းတိုက်နယ် ပကဖ တပ်ဖွဲ့ ယူနီဖောင်းများကို ဝတ်ဆင်ကာ PDF ၆ ဦးကို ပစ်ခတ် ဖမ်းဆီး နိုင်သည်ဟု ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

“အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ အရေးကြီးတာတွေ ယူပြီးထွက်တဲ့အချိန်မှာ အိတ်တွေကျန်နေခဲ့တာ၊ အဲဒီအိတ်တွေထဲမှာ ကျန်ခဲ့တဲ့ ယူနီဖောင်းတွေ၊ ဘတ်တံဆိပ်တွေကို ဝတ်ပြီး တော့ကျောက်အိုက်ရွာသား ၆ ဦးကို သတ်ပစ်ခဲ့တာ၊ PDF ၆ ဦးကျဆုံးတယ်ဆိုလို့ သေချာလိုက်စစ်ကြည့် တဲ့အချိန်မှာ ရွာသားတွေဖြစ်နေတာ၊ တိုက်ပွဲကတော့ ၂၉ ရက်နေ့ကတည်းက ဒီနေ့အထိ ဖြစ်နေတုန်းပဲ၊ ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေ အကုန်လုံး အန္တရာယ်ကင်းပါတယ်” ဟု သပိတ်ကျင်းမြို့နယ် ပကဖ မှ တာဝန် ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ယနေ့အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ဒေသနေပြည်သူများအများအပြား တောတောင်များထဲတွင် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်တပ်က အထိနာကာ လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့်၊ မီးရှို့ဖျက်ဆီး၊ ခိုးယူ သတ်ဖြတ်နေခြေင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article