မလေးရှားနိုင်ငံ၊ Kepong မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၈
မလေးရှားနိုင်ငံ၊ Kepong မြို့ရှိ NLD OC Internalional Malaysia ရုံးတွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲများအတွင်းကျဆုံးခဲ့ကြသော အာဇာနည် သူရဲကောင်းများနှင့်၂၀၂၁ နွေဦးတော်လှန်ရေး အတွင်းကျဆုံးခဲ့ကြသောအာဇာနည်သူရဲကောင်းများကို တက်ရောက်လာသူများမှ ဦးညွတ်အလေးပြုခဲ့ကြပြီး ဥက္ကဌ ဦးစေားမူးမူး၊ အတွင်းရေးမူး ဦးသန်းထွန်းအောင်၊ တွဲဘက်အတွင်းရေးမူး ဦးအေးလှိုင်နှင့် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ်လူ့အဖွဲ့အစည်း (မလေးရှား) ဦးဆောင်သူ ဦးကျော်နိုင် တို့မှ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်စပ်လျှင်း၍ အမှတ်တရာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

