မုံရွာမြို့တွင် ယနေ့ ညနေပိုင်း “၈၈၈၈” အရေးတော်ပုံနေ့ ၃၅ နှစ်ပြည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ နေစဉ် လူငယ် ၃ ဦးကို ဖမ်းဆီးခံရ
ရန်ကုန်၊ ဩဂုတ် ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် “၈၈၈၈” အရေးတော်ပုံနေ့ ၃၅ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြနေစဉ် လူငယ် ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း မုံရွာ လူထု သပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၈ ရက် ညနေပိုင်းက မုံရွာမြို့၊ လူစည်ကားရာ နေရာတစ်ခု ဖြစ်သော ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်တွင် ၃၅ နှစ်မြောက် “၈၈၈၈” အရေးတော်ပုံနေ့ အထိမ်းအမှတ်ဖြစ် စစ်အာဏာ ရှင် ဆန့်ကျင်လို စိတ်ရှိသော ပြည်သူများ စုစည်းပြီး ဆန္ဒပြနေစဉ် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များက အိမ်စီးကားနှင့်ရောက်ရှိကာ လူငယ် ၃ ဦးကိုဖမ်းဆီးသွား ကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးရာတွင် လူငယ်များကို လမ်းမပေါ်တွင် ရိုက်နှက်မှုများရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိနိုင်သည် ဟု သိရကြောင်း၊ နောက်ဆက်တွဲအခြေအနေများ ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မုံရွာ လူထု သပိတ်ဦးဆောင်ကော် မတီက ပြောဆိုထားသည်။