27 C
Yangon

NLD ပါတီက ရွေးချယ်ထားသော ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူကို အကြမ်း ဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင် ရွက် သဖြင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်

Must read

NLD ပါတီက ရွေးချယ်ထားသော ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူကို အကြမ်း ဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင် ရွက် သဖြင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ရန်ကုန်၊ ဩဂုတ် ၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ထားသော ဒုတိယ သမ္မတ ဟင်နရီ ဗန်ထီးယူသည် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင် ရွက်သဖြင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း NLD က တရားဝင် ထုတ်ပြန်ကြေညာသည်။

၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းကာလအတွင်း NLD ပါတီက ယုံကြည်စွာ တာဝန်ပေးမှုဖြင့် NLD လွှတ်တော် အမတ် ဦးဟင်နရီ ဗန်ထီးယူသည် ဒုတိယ သမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကို အကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန် နေသော အာဏာလုစစ်အုပ်စုနှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဩဂုတ်လ ၈ ရက်နေ့ NLD ဗဟိုအလုပ်ကော်မတီက ဟင်နရီ ဗန်ထီးယူ ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အများသဘောတူ အစည်းအဝေး ဖြင့် ဆုံးဖြတ်ခဲ့ကြကြောင်း ၊ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက် များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည် ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း NLD က တရားဝင် ကြေညာသည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ် ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာ သိမ်းမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၉ ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင် အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရ ကြောင်း၊ ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့် မရရှိသည့် အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း NLD ပါတီ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ဇူလိုင်လ ၃၁ ရက်နေ့ စစ်တပ် လက်အောက်ခံ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တက်ခဲ့သော ဒုသမ္မတ ဟင်နရီ ဗန်ထီးယူ။

ဇူလိုင်လ ၃၁ ရက်နေ့ စစ်တပ် လက်အောက်ခံ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တက်ခဲ့သော ဒုသမ္မတ ဟင်နရီ ဗန်ထီးယူ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article