25 C
Yangon

မြိုင်မြို့နယ်ရှိ စစ်တပ်၏ ဂိတ်စခန်း ၂ ခုကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ နွားထိုးကြီးတွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

မြိုင်မြို့နယ်ရှိ စစ်တပ်၏ ဂိတ်စခန်း ၂ ခုကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ နွားထိုးကြီးတွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၉

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်း ၂ ခုကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၈ ရက်နေ့တွင် မြိုင်မြို့ ရှိ အကြမ်းဖက် စစ်တပ်၏ မန္တလေးဂိတ် နှင့် ပခုက္ကူဂိတ်တို့ကို အညာဒေသ မဟာဗျူဟာကြီး ကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command) ၏ လမ်းညွှန်ချက်ဖြင့် ဗိုလ်Cross နှင့် ဗိုလ်လင်းယုန်အဖွဲ့တို့ ဦးဆောင်ပြီး ၈၀ မမ ရှော့တိုက် ၁၂၀ အဖူးများဖြင့် အလုံးရေ ၅၀ ကျော်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး မန္တလေးဂိတ်နှင့် ပခုက္ကူဂိတ် ဧရိယာ ပတ်ချာလည်ကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ကာ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ဘက်မှ စက်လက်နက်များ၊ ၈၁ မမ နှင့် ၆၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ ဗိုလ်လင်းမြွေ/ခရိုင်တပ်ရင်း (၁၃)၊ MVP, မဟူရာအလင်းတန်း၊ ဇာမဏီ၊ M ဒေါင်းနီ၊ တုတ်ကြီး နှင့် DMG တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း ထံမှ သိရသည်။

သြဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နွားထိုးကြီးမြို့နယ် အရှေ့ဘက် မင်းစုံတောင်ရှောက်တောရိုးကွေ့တွင် နွားထိုးကြီးဘက်မှ ‌မြစ်သားဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၃ စီးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“နွားထိုးကြီးနဲ့ ၁၀ မိုင်ခန့်အကွာ၊ မင်းစုံတောင်ရှောက်တောရိုးကွေ့မှာ မိုင်းဆွဲခဲ့တာပါ၊ ၂ စီးကတော့ ထိ ခိုက်ပါတယ်၊ တစ်စီးကတော့ လုံးဝပျက်စီးပြီးတော့မှ မီးလောင်တယ်၊ စစ်ခွေး ၄ ကောင်နေရာမှာ ပဲ ပွဲချင်းပြီး သေပြီးတော့ ၁၀ ကောင်အထက်ထိခိုက်ပါတယ်၊ ခွေးသေကောင်တွေကို နောက်ထပ် ခြေ လျင်စစ်ကြောင်းရော၊ ကားနဲ့ရော အင်အား ၇၀ လောက်လာပြီးမှ သယ်သွားတယ်လို့ သတင်းရတယ်၊ ကျန်တဲ့အသေးစိတ်တော့ မသိတော့ဘူး” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မိဘပြည်သူများနေဖြင့် မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း၊ နွားထိုးကြီး – မြစ်သာလမ်း၊ နွားထိုးကြီး – တောင်သာလမ်း၊ နွားထိုးကြီး -မလှိုင်လမ်းနှင့် နွားထိုးကြီး-မြို့သာလမ်းပိုင်းများအတွင်း လိုက်နာ ရန်ထုတ်ပြန်ထာသည့် ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန်နှင့် ကားမှန်ချမောင်းရန် ဆိုင်းဘုတ် များပြုလုပ်ထားပြီးဆေးမှုထားသည့်အပေါ် လိုက်နာပေးကြပါရန် နွားထိုးကြီး PDF တပ်ဖွဲ့မှ မေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article