ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန် | ဩဂုတ် ၉
ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ဆန္ဒပြကြပါတယ်။
ရန်ကုန်မြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ မင်္ဂလာတောင်ညွှန့်သပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီ၊ Burma youth Revolutionary Force (BYRF) နှင့် Mayangon Democratic Front တို့က ကျောင်းသားလူငယ်တွေ စုပေါင်းပြီး ဒီကနေ့ (ဩဂုတ်လ ၉ရက်)မှာ “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

