25 C
Yangon

စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် စားသောက်ကုန် ၈ မျိုး ကို ဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ ထိုးချမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်

Must read

စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် စားသောက်ကုန် ၈ မျိုး ကို ဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ ထိုးချမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်

■ စစ်တပ်ထုတ်ကုန် သပိတ်မှောက် တိုက်ပွဲတွင် ပြည်သူအားလုံး အသက် အရွယ် မရွေး ပါဝင်ကြရန် လိုအပ်

ရန်ကုန်၊ ဩဂုတ် ၁၀

စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် စားသောက်ကုန် ၈ မျိုးကို ဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ ထိုးချမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်လိုက်ပြီဖြစ်ကြောင်း သပိတ်အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲ ကြရမည့် “ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ” ၏ ဗွေဆော်ဦးခြေလှမ်း အဖြစ် စစ်တပ်၏ စားသောက်ကုန် ၈ မျိုး စတင် သပိတ်မှောက်လိုက်ပြီဖြစ်ကြောင်း၊ ပြည်သူအားလုံး သပိတ်မှောက်ကြရမည့် စစ်တပ်ထုတ် စားသောက်ကုန်စည် ၈ မျိုးမှာ-

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။

“ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ “စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်” အုပ်စုပဲ ဖြစ်ပါတယ်။ ဒီအရက်ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ တပ်ပိုင်ကုန်စည် အမျိုးအစားအနေနဲ့ဆို ဒီကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက အများ ဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ” ဟု အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု – GSCB က ပြည်သူများကို တရားဝင် နှိုးဆော် လိုက်သည်။

လာမည့် အချိန် ၂ လအတွင်း စစ်တပ်၏ ထုတ်ကုန် ၈ မျိုး၏ လက်ရှိစုစုပေါင်း ရောင်းအား ၏ ၇၀ ရာခိုင်နှုန်း အထိ ထိုးကျသွားစေရန် ဦးတည်ကြောင်း၊ အဆိုပါ ကုန်စည် ၈ မျိုးကို ဝယ်ယူစားသုံးပါက လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ် ဆီဖိုး ဖြစ်သွားမည်ဖြစ်၍ မသုံးစွဲကြရန် GSCB တိုက်တွန်း ထားသည်။

“တော်လှန်ရေးကြီးအတွက် အပိုမပါ၊ အစားထိုး ပြန်မရှာမရနိုင်တဲ့ ကိုယ့် အသက် ကို အရင်းတည်ပြီး ပါဝင်တိုက်ပွဲဝင်နေကြသူ PDF, EROs စစ်သည်တော် သူရဲကောင်းပေါင်း များစွာ ရှိနေပါတယ်။ ကိုယ့်အနေနဲ့ အဲ့လိုအခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူးဆိုရင်တောင် တိုက်ပွဲဝင်ရဲဘော်တွေကို အကြမ်းဖက်အုပ်စုက ပစ်မယ့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြဖို့ လိုနေပါပြီ။ ဒီတိုက်ပွဲက အဓိကရည်ရွယ်ချက်တခုက အဲ့ဒါပါပဲ။ ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနဲ့ ဖြ-တ်တော-က်ရိုက်ချိုးပစ်မယ့် “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” စစ်မျက်နှာစာ ကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြဖို့ အချိန်ရောက်လာပါပြီ။ ဒီဘဏ္ဍာ ရေး တိုက်ပွဲရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အကြမ်းဖက်စစ်တပ်ပိုင်တဲ့ စီးပွါးရေး လုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ် သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြ-တ်တော-က်ကြပါစို့။ ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြလော့” ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB က တိုက် တွန်းထားသည်။

စစ်တပ်ထုတ်ကုန်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article