33 C
Yangon

နတ်တလင်းနှင့် နတ်မောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား

Must read

နတ်တလင်းနှင့် နတ်မောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ သြဂုတ် ၁၀

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ Phoenix DF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ အရှေ့ဘက် တောင်ညိုဆည်အထက်ပိုင်းရှိ ကြက်မနက်ကျေးရွာ ကင်းစခန်းကုန်းကို စစ်ကြောင်း ထိုးလာသည့် အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ Phoenix DF မှ ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း စစ်သား ၄ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ် စစ်ကြောင်းသည် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို သယ်ဆောင်ကာ ကြက်မနက်ကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဉ်းမခေါင်ကျးရွာကို မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မိုင်းကွင်းပေါ်ရောက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက် သေဆုံးသူ များပြားကြောင်း ဂဠုန် PDF နတ်မောက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် နတ်မောက်မြို့နယ် နတ်မောက် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဖက်တောရေရွာ တောင်ဘက် လမ်းဆုံ၌ ကာကွယ်ရေး တပ်ဖွဲ့ ထောင်ထားသည့် မိုင်းကွင်း အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

“ဒီမနက် ၇ နာရီ ၃၀ မိနစ်က နတ်မောက်အရှေ့ဘက်ခြမ်း မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ခွေး ၃၃ ကောင်ကို ဖက်တောရေရွာ တောင်ဘက် လမ်းဆုံမှာ မိုင်းကွင်းထဲဝင်လာတဲ့အချိန် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ အထိအခိုက် အသေအပြောက် များနိုင်ပါတယ်” ဟု ဂဠုန် PDF နတ်မောက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article