29 C
Yangon

ကျောက်တံခါးရှိ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထား၊ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

Must read

ကျောက်တံခါးရှိ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထား၊ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၁၀

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထား လက်နက် ၂၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဩဂုတ်လ ၉ ရက် နံနက် အစောပိုင်း ၄ နာရီခန့်မှ စတင်၍ သမင်အင်းကုန်းကျေးရွာအနီးသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ နေ့လည်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ အများအ ပြားဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

“ညောင်လေးပင် ၊ ပိန်းဇလုပ်က တပ်တွေဗျ၊ အမည်ကတော့ အဲဒီတပ်တွေပဲ၊ ဒါပေမယ့် ပူးပေါင်းတွေ လဲ ရှိမယ်၊ ကျောက်တံခါး၊ ဖြူး ၂ မြို့နယ်လုံးကို ဖုန်းအင်တာနက်လိုင်းတွေ အကုန်ဖြတ်ခံထားရတာ၊ Wifi စက်တွေပဲရတယ်၊ တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ခွေးတွေကို လာမကောက်သေးဘူးလို့ပြောတယ်၊ စစ် အကြောင်းက အဲလောက်ပဲပို့ပေးထားတယ်၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တယ်မကြားမိသေးဘူး”ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ပြောကြားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ စက်လက် ၁လက်၊ MA 1 ၈လက်၊ MA 2 ၁လက်၊ MA3 ၁လက်၊ MA 4 ၁လက်၊ မိုင်းရှာစက် ၁လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ခု၊ ၆၀မမ ဗုံးသီးတချို့နဲ့ ကျည်ဆန်အများအပြား ကနဦး ရရှိထားပြီး စုစုပေါင်း သေနတ် ၂၄ လက်ခန့် ရရှိထားကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article