33 C
Yangon

ရွာငံမြို့နယ်ရှိ နွားဘန်းကြီးကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ လားရှိုးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေ

Must read

ရွာငံမြို့နယ်ရှိ နွားဘန်းကြီးကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ လားရှိုးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဩဂုတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသ တွင်းသတင်းများကို ဖော်ပြနေသည့် Voice of Pindaya ထံမှ သိရသည်။

ဩဂုတ်လ ၁ ရက်နေ့က ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ ချိတ်ပိတ်ထားသော ပြည်သူ့နေအိမ်၌ အင် အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရွာငံမြို့နယ် အခြေစိုက် မှော်ဘုရင်စစ် ကြောင်း (YMBY)က ပြန် လည်လှုပ်ရှားမှု ပထမဆုံးမစ်ရှင်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ပြီး လုံခြုံ စိတ်ချရသော နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယင်းတယမြို့နယ်၊ ရွာငံမြို့နယ် ၂ မြို့နယ်ကို လုံခြုံရေးတင်းကြပ်ထားပြီး စစ်ကြောင်းရှာဖွေရန် ပြင် ဆင်နေကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက် နယ်၊ နမ့်လောင်း ကျေးရွာအနီးရှိ PSLF/TNLA ၏ တပ်စခန်းကို အကြမ်းဖက်စစ်တပ်မှ MI-35 တိုက် ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းကို လားရှိုးမြို့မှ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ၂ နာရီ မိနစ် ၂၀ အချိန်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ခမရ ၁၆ ၊ ခလရ- ၆၈ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၉ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၅ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ အင်အားထပ်မံဖြည့်တင်းနေသဖြင့် ထိခိုက်သေဆုံးရှိသော်လည်း အတိအကျမသိရသေး ကြောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့အထိ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်း ဖက်စစ်သား ၂၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိထားကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article