28 C
Yangon

KNU တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသော တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ စစ်သား ၂ ဦးကို ဆုငွေ ထိုင်းဘတ် ငါးသောင်းစီ ချီးမြှင့်

Must read

KNU တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသော တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ စစ်သား ၂ ဦးကို ဆုငွေ ထိုင်းဘတ် ငါးသောင်းစီ ချီးမြှင့်

ရန်ကုန်၊ သြဂုတ် ၁၀

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်တွင် တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈မှ စစ်သား ၂ ဦး လက်နက်နှင့် အလင်းဝင်လာသောကြောင့် တစ်ဦးလျှင် ဆုငွေ ဘတ် ၅၀၀၀၀ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ်နှင့် တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့သည် KNLA – ပူးပေါင်းတပ်ဖွဲ့ထံကို လာရောက် ပူးပေါင်းခဲ့ သော ကြောင်း KNLA – ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်သား ၂ ဦးသည် 60mm ကွန်မန်ဒို စိန်ပြောင်း (၁) လက်၊ 60mm ကျည် (၅) လုံး၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ဘောက် နှင့် MA-2 ကျည် (၁၅၀) တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်သား ၂ ဦးသည် အကြမ်းဖက် စစ်တပ်၏ မတရား ဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်၍ တော်လှန်ရေးပြီးဆုံးသည်အထိ KNLA- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်အတူ အာဏာရှင်စနစ်ကို တွန်းလှန် တိုက် ထုတ် တိုက်ပွဲဝင်ရန် ပူးပေါင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article