Khit Thit သတင်းဌာန၏ ဩဂုတ် ၁၁ ရက်နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကနေ PDF နဲ့ NUG ကို မထောက်ခံပါဆိုတဲ့ စကားနဲ့ တည်ငြိမ်ရေးအတွက် စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်ဆိုတဲ့ ကတိရရှိဖို့ အကြမ်းဖက် စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့် အရာ မထင်ခဲ့ဘူးလို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။
– အကြမ်းဖက် စစ်ကောင်စီက ကုန်စျေးနှုန်းထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းပြီး ဆန်၊ဆီ နဲ့ အခြေခံ စားကုန် တွေကို အထူးစျေးနဲ့ ရောင်းမယ်လို့ပြောပြီး ၊ ကုန်သည် နဲ့ စျေးသည်တွေကို စျေးနှုန်း မတင်ကြဖို့ လော်စပီကာ နဲ့ အော်ပြီး ခြိမ်းခြောက်လာတယ်လို့ သိရပါတယ်။
– မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့နယ်မှာ ပျူစောထီးစခန်း နဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေကနေ ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။