29 C
Yangon

မုံရွာမြို့တွင် မတရား ဖမ်းဆီးခံရသော အသက် ၂၀ အရွယ် ဓာတ်ပုံဆရာ ကိုမင်းသိုက်ထွန်းကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

Must read

မုံရွာမြို့တွင် မတရား ဖမ်းဆီးခံရသော အသက် ၂၀ အရွယ် ဓာတ်ပုံဆရာ ကိုမင်းသိုက်ထွန်းကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ရန်ကုန်၊ သြဂုတ် ၁၁

မုံရွာမြို့တွင် မတရား ဖမ်းဆီးခံရသော အသက် ၂၀ အရွယ် ဓာတ်ပုံ ဆရာ ကိုမင်းသိုက်ထွန်းကို အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၇ ရက်နေ့တွင် မုံရွာမြို့၊ မုံရွာအကျဥ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီ တရားရုံးမှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုမင်းသိုက်ထွန်းသည် မုံရွာမြို့ပေါ်၌ သပိတ် လှုပ်ရှားမှုများကို ဓာတ်ပုံမှတ်တမ်းယူပြီး အလွတ်တန်း ဓာတ်ပုံသတင်းထောက် အဖြစ် လုပ်ကိုင်ဖူး ကြောင်း၊ Monywa Entertainment၊ Regional News Agency နှင့် Chindwin Yoma Media တို့တွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ကိုမင်းသိုက်ထွန်းသည် တိမ်းရှောင်နေသည့် တောတွင်း တစ်နေရာမှ မြို့ ပေါ်ပစ္စည်းလာယူရင်း မုံရွာမြို့ပေါ်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင် တချို့ နှင့် အတူ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အကြမ်းဖက် စစ်တပ်၏ ပိတ်ဆို့ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံဆရာ ကိုမင်းသိုက်ထွန်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article