လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များက စစ်တပ်ထုတ်ကုန် မသုံးစွဲရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၁၁
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတန်း ကိုင်ဆောင်ပြီး စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။