26 C
Yangon

ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာကို စစ်တပ်က မီးရှို့မှု အိမ်ခြေ အနည်း ဆုံး ၃၀ ကျော် ပြာကျပြီး တန်ဖိုးရှိပစ္စည်းများ ဖောက်ထွင်းခံရ

Must read

ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာကို စစ်တပ်က မီးရှို့မှု အိမ်ခြေ အနည်း ဆုံး ၃၀ ကျော် ပြာကျပြီး တန်ဖိုးရှိပစ္စည်းများ ဖောက်ထွင်းခံရ

ရန်ကုန်၊ ဩဂုတ် ၁၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က နှစ်ရက်ဆက်တိုက် ဝင်ရောက် စီးနင်းမီးရှို့ခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးပြီး အိမ်ခြေ ၃၀ ကျော်ပြာကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့နှင့် ဩဂုတ်လ ၉ ရက်နေ့တို့တွင် အောက်ကြာအင်း ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွား ကြောင်း၊ ယင်းနောက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် အောက်ကြာအင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာလုံး ကျွတ် မီးတင်ရှို့ ခဲ့ကြောင်း၊ PDF ဟုစွပ်စွဲကာ ဦးဇော်ဒေါင်း၊ ဦးသန်းစိုး၊ ဦးဝက်မှီး၊ ကိုနိုင်စိုး အပါအဝင် ၇ ဦးကို ကို ရိုက် သတ် သွားခဲ့ကြောင်း သိရှိရသည်။

“မနေ့ကရွာထဲ ခဏ ဝင်ပြီး ဗီဒီယိုရိုက်တာမှာ အိမ်ခြေ ၃၀ လောက် မီးရှို့ခံထားရတယ်။ ကျနော်တို့ အိမ်လည်း မီးထဲပါသွားတယ်။ ရွာထဲကအိမ်တွေလည်း အကုန်နီးပါးစျေးဆိုင်တွေကအ စဝင်ဖောက်ပြီး ခိုးယူသယ်သွားကြတာပါပဲ” ဟု မီးရှို့ခံရသည့် ကျေးရွာသား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်နေရသော ပြည်သူများမှာ ကျေးရွာအတွင်းသို့ ပြန် လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်စစ်ကြောင်း ပြန်ဝင်လာမည်ကို စိုးရိမ် နေသဖြင့် ဆက်လက် တိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူ များအားလုံး စားဝတ်နေရေး ခက်ခဲနေကြောင်း၊ ကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article