30 C
Yangon

စစ်ကောင်စီ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၂၀ ကျပ်ဖြင့် စျေးနှုန်းတိုးမြှင့် ကောက်ခံ

Must read

စစ်ကောင်စီ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၂၀ ကျပ်ဖြင့် စျေးနှုန်းတိုးမြှင့် ကောက်ခံ

ရန်ကုန်၊ ဩဂုတ် ၁၂

အကြမ်းဖက်စစ်ကောင်စီ၏ မိတ်ဖက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း- MAIက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၂၀ ကျပ်ဖြင့် တိုးမြှင့် ၍ ငွေကြေးကောက်ခံမှုများ ပြုလုပ်ရန် အေးဂျင့်များထံသို့ အကြောင်း ကြား လိုက် ကြောင်း သိရှိရသည်။

ဩဂုတ် ၁၂ ရက်နေ့မှစတင်၍ MAI က အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ် ဖြင့် ကောက်ခံနေမှုကို မပြောင်းလဲသော်လည်း ဝန်ဆောင်ခအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀ ထပ်ပေါင်း တိုးမြှင့် ကောက်ခံ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉၂၀ နှင့် ဝန်ဆောင်ခ ငွေကျပ် ၄၀၀ စုစုပေါင်း အမေရိကန်တစ် ဒေါ်လာလျှင် ငွေကျပ် ၃၃၂၀ ကျပ် ဖြင့် ငွေကြေးကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

“MAI က အကြောင်းကြားတာမှာ ဒေါ်လာစျေးနှုန်းကို တိုးမြှင့်တာမဟုတ်ဘူး။ ဒါပေမယ့် တစ်ဒေါ်လာကို ငွေကျပ် ၄၀၀ ဝန်ဆောင်ခ ထပ်ပေါင်းတာ။ နားလှည့် ပါးရိုက် တာပါပဲ။ အဲဒီ အမေရိကန်တစ်ဒေါ်လာကို ဝန်ဆောင်ခ အပါ ငွေကျပ် ၃၃၂၀ ကျပ် တိုးကောက်တာပေါ့” ဟု လက်မှတ်အေးဂျင့်ကိုယ်စား လှယ်တစ် ဦးက ပြောသည်။

လက်ရှိ ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၃၆၅၀ ကျပ် စျေးပေါက်လျက်ရှိနေချိန် လည်းဖြစ်သည်။

MAI လေကြောင်းလိုင်းကို ယခင်က ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းက ပိုင် ဆိုင် ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ 24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်က ရှယ်ယာအများစု ဝယ်ယူပြီး ပိုင်ရှင်အသစ်ဖြစ်လာခဲ့သည်။

MAI လေကြောင်းလိုင်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article