34 C
Yangon

စစ်ကိုင်းမြိုနယ်၊ပယ်သူကြီးရွာမှ စစ်ရှောင်လှည်း၂စီးကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၇ ဦး ကျည်ထိမှန်

Must read

စစ်ကိုင်းမြိုနယ်၊ပယ်သူကြီးရွာမှ စစ်ရှောင်လှည်း၂စီးကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၇ ဦး ကျည်ထိမှန်

■ တလိုင်းရွာတွင်လည်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ပယ်သူကြီးရွာမှ စစ်ဘေးရှောင်လှည်း၂စီးကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ယမန်နေ့ မွန်းလွဲပိုင်း ပစ်ခတ်သဖြင့် ပြည်သူ ၇ ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဩဂုတ်လ၁၁ရက်နေ့မွန်းလွဲ ၂ နာရီအချိန် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပယ်သူကြီးရွာမှ ကျည်ထိမှန်သူများတွင် ကလေးငယ် ၃ ဦးပါဝင်ပြီး အသက် ၇၀ အရွယ်တစ်ဦး ၊ အသက် ၅၀ကျော် ပြည်သူ တစ်ဦး၊ အသက်၄၀ ကျော် ပြည်သူ ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများတွင် လူကြီး၄ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို စစ်တပ်က ယနေ့ ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ယမန်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကိုင်းမြို့ တလိုင်း ကျေးရွာ ကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များ ခိုလှုံနေ သော ကံဦး ဘုန်းကြီးကျောင်းမှ သံဃာ ၁ ပါး၊ ၈လသားအရွယ် ကလေး၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ၊ မြေပြင်တွင်လည်း စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းပြီး တလိုင်းရွာသားတစ်ဦးကို သတ်ဖြတ် ခဲ့ကြောင်း၊ ကျေးရွာသူကျေးရွာသား ၁၀ ဦးနှင့်အထက်ကို စစ်တပ်က ဖမ်းဆီး သွား ကြောင်း သိရှိရသည်။

“တလိုင်းကျေးရွာမှာ ပြည်သူ ၅ ဦး ကျဆုံးပါတယ်။ အခုတော့ ကျနော်တို့ နယ်မြေရှင်း‌လင်းနေဆဲပါ။ စဉ့်ကိုင်ရွာမှာ စစ်တပ်ရဲ့ သံခွန်လှေတွေ မဆုတ်ခွာ သေးဘူး။ စစ်ကြောင်းက အခု ဝက်လက် ပယ်သူကြီးရွာဘက်ကို ဝင်နေတယ်။ နွား ၆ ကောင်လည်း သေဆုံးပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ထိုးစစ်ဆင်ခဲ့ပြီး ပြည်သူများကို သတ် ဖြတ် ခဲ့သော စစ်တပ်စစ်ကြောင်းက စစ်ကိုင်းမြို့နယ်မြောက်ခြမ်း ကျောင်းဖြူ ဘက်မှ ပယ်သူကြီး ရွာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ ကျေးရွာနေပြည်သူ များမှာ လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိထားပြီး ပယ် သူ ကြီးရွာရှိ ပြည်သူ‌ပိုင် နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အင်အား ၁၀၀ ကျော်ပါသော စစ်တပ် စစ်ကြောင်းက စစ်ကြောင်း ၂ ကြောင်းခွဲကာ ထန်းကြီး ကျေးရွာတွင် လည်း စခန်းချ တပ်စွဲနေကြောင်း သိရှိရသည်။

“အခုက စစ်တပ် စစ်ကြောင်း ၂ ကြောင်းက ဝက်လက်မြို့နယ် တောင်ခြမ်း ပယ်သူကြီးရွာနဲ့ ထန်းကြီးရွာမှာ ၂ ဖွဲ့ခွဲပြီး စခန်းချထားတယ်။ စစ်ရေးကတော့ တင်းမာနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article