26 C
Yangon

ဖလမ်းမြို့ စစ်ကောင်စီ၏ ခလရ ၂၆၈ စစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဖလမ်းမြို့ စစ်ကောင်စီ၏ ခလရ ၂၆၈ စစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိရန်ကုန်၊ ဩဂုတ် ၁၂ ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်တပ် ရင်း ခလရ ၂၆၈ စခန်းကို ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ပူးပေါင်း တပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းအမျိုးသား တပ်မ တော် CNA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ဖလမ်းမြို့နယ် ခြေလျင် တပ်ရင်း ခလရ ၂၆၈ ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီ ဘက်မှ တပ်သား ၆ ဦးသေဆုံးကြောင်း၊ စစ်သား ၈ ဦးဒဏ်ရာရရှိပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ တိုက်ပွဲမှာ ၂ နာရီခွဲကြာမြင့်ပြီး ချင်းတိုင်း ရင်း သား တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။ “မနက် ဖလမ်းတပ်ကုန်းတိုက်ပွဲမှာ စစ်ခွေးက ၆ ဦးသေတယ်။ စစ်သား ၈ ဦးဒဏ်ရာရတယ်။ အခုလည်း ဖလမ်းနဲ့ ဟားခါး လုံပြေးမှာ သေနတ်ဖောက် သံခဏ ခဏ ကြားတယ်။ CNA ကလည်း ဟားခါးနဲ့ ဖလမ်းဘက်ကို ဆင်းတယ်။ ထိတွေ့တိုက်ပွဲ ရှိနေတယ်လို့ မြေပြင်ဘက်က ပြောတယ်” ဟု ချင်းအမျိုးသား တပ်မတော် CNA တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိအချိန်အထိ ဟားခါးနှင့်ဖလမ်းဘက်တွင် စစ်ရေးတင်း မာနေဆဲဖြစ်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။“တိုက်ပွဲက ၄ နာရီလောက်ကနေစဖြစ်တယ်၊ တိုက်ပွဲကတော့ မ နက်မိုးလင်းလောက်အထိ ဖြစ်တယ်၊ လက်နက်သိမ်းခဲ့တာတွေတော့ ရှိတယ်၊ သိမ်းခဲ့တာက ၁၃ လက်လို့တော့ပြောတယ်၊ M4 ၄ လက်ပါ ၁၃ လက်လို့ပြောတယ်၊ တခြားလက်နက်တွေက ဘယ်လိုလက်နက်အမျိုးအစားတွေလဲဆိုတာ မသိရသေးဘူး၊ လက်နက်ကြီးတွေလည်းပါတော့ပါတယ်လို့ပြောတယ်၊ အဓိက က သူတို့ဂိုဒေါင်သွားသိမ်းတာဆိုတော့၊ သူ့ရဲ့သေနတ်နာမည်မသိရသေးတာ၊” ဟု CDF KKG မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ပွဲတွင် CDF KKG က ဒုတပ်ရင်းမှူးတစ်ဦးကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အထိနာသဖြင့် ယနေ့ မွန်းလွဲပိုင်းအထိ ဖလမ်းမြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article