28 C
Yangon

ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်တပ်က ပြည်သူများ သွားလာနေသည့် လမ်းပိုင်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များက ဖြုတ်သိမ်း

Must read

ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်တပ်က ပြည်သူများ သွားလာနေသည့် လမ်းပိုင်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များက ဖြုတ်သိမ်း

ရန်ကုန်၊ သြဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး စစ်တပ်က ပြည်သူများ သွားလာနေသည့် လမ်းပိုင်းတွင် ထောင်ထားသည့် M-14 နင်းမိုင်းများကို PDF ရဲဘော်များက ဖြုတ်သိမ်းခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၄၉ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်အနီး Jumper ကား ၁ စီးဖြင့် အင်အား ၂၅ ဦးခန့် လိုက်ပါလာသော အကြမ်းဖက် စစ်သားများက ငါးယှန်ကျေးရွာအနီးရှိ ပြည်သူများ အသုံးပြုသည့် လမ်းပိုင်းတွင် နင်းမိုင်းများ လာရောက်ထောင်ထားခဲ့ကြောင်း သိသည်။

အဆိုပါ နင်းမိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက ပြည်သူများ ထိခိုက်မှုမရှိစေရန် စနစ်တကျ ဖြုတ်သိမ်းခဲ့ကြောင်း၊ M-14 နင်းမိုင်းများသည် ကိုယ်ထည်မှ စ၍ အစိတ်အပိုင်းများကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သတ္ထုပါဝင်မှု နည်းပါးခြင်းကြောင့် အလွယ်တကူရှာဖွေရန် ခက်ခဲကြောင်း သိရှိရသည်။

M-14 နင်းမိုင်းများသည် နင်းမိသည့် နေရာမှ အထက်ကို ၁၀ လက်မခန့်အထိ အသေးစားပေါက်ကွဲမှုဖြစ်ပေါ်စေပြီး မိုင်းနင်းမိ သူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆုံးရှုံးစေကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် ထုတ်လုပ်ထားသည့် နင်းမိုင်းအမျိုးအစားဖြစ်သောကြောင့် ပြည်သူများ မိုင်းအန္တရာယ်ကင်းဝေးစေရေး အထူးသတိထားရန် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article