28 C
Yangon

ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံး ၅ ခုထက်မနည်း တစ်ပြိုင်နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီဝန်ထမ်းအားလုံးထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိ

Must read

ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံး ၅ ခုထက်မနည်း တစ်ပြိုင်နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီဝန်ထမ်းအားလုံးထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိ

ရန်ကုန်၊ ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးရုံး ၅ ခုထက်မနည်းကို ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် တပြိုင် နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီ ဝန်ထမ်း အားလုံး ထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် ဖာပွန်မြို့ပေါ်ရှိ ပြည်ထဲရေး ဝန်ကြီး ဌာန၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှု ကြီးကြပ်ရေးရုံး၊ စာရင်းစစ် ရုံး နှင့် ဥပဒေရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲမှု ကြောင့် ရုံးများအားလုံး ပျက်စီးသွားကြောင်း သိရှိရသည်။

“ဖာပွန်မှာက စစ်တပ်နဲ့ ရဲ ကွက်ကွက်လေးပဲ ရှိတော့တာ။ ကျန်တဲ့ ဝန်ထမ်း တွေ က အကုန်ပြေးကုန်ကြတာ‌ကြာပြီ။ KNU ဘက်ကလည်း လုံခြုံရေး တာဝန် မယူဘူးဆိုပြီး ကြေညာချက်ထုတ်ထားတာကြာပြီ။ အဲဒါကြောင့် ရုံးတွေ ဖောက်ခွဲ ပေမယ့် လူမရှိတော့ ထိခိုက်တာမရှိဘူး။ တချို့ရုံးတွေဆိုရင် မြက်ရိုင်း တွေတောင် ပေါက်နေပြီ။ ဝန်ထမ်း တွေ မရှိကြတော့လို့ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article