30 C
Yangon

PDF သတင်းပေးလျှင် ငွေ ၅ သိန်း ဆုချမည်ဆိုသော လက်ပံတန်းမှ စစ်တပ် အတွက် အလုပ်လုပ်နေသူ ရဲဝန်ထမ်းဟောင်း ဗိုလ်ကျင်ကို(ခ) ကျင်ထွေး ပစ် ခတ် ခံရပြီး သေဆုံး

Must read

PDF သတင်းပေးလျှင် ငွေ ၅ သိန်း ဆုချမည်ဆိုသော လက်ပံတန်းမှ စစ်တပ် အတွက် အလုပ်လုပ်နေသူ ရဲဝန်ထမ်းဟောင်း ဗိုလ်ကျင်ကို(ခ) ကျင်ထွေး ပစ် ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၂

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများကို ဒုက္ခအမျိုး မျိုးပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ရဲဝန်ထမ်းဟောင်း ဗိုလ်ကျင်ကို(ခ) ကျင်ထွေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၄၈ မိနစ်ခန့်အချိန် လက်ပံတန်းမြို့၊ ၁ လမ်း၊ စိန်စံပယ်ဦး လက် ဖက်ရည်ဆိုင်ရှေ့တွင် ဗိုလ်ကျင်ကို(ခ) ကျင်ထွေး သာယာ ဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ နှင့် လက်ပံတန်းမြိုနယ် ပကဖ ( ရွှေတန်းမြေပြည်သူ့ကာကွယ် ရေးတပ်ဖွဲ) တို့က ပစ်ခတ်ခဲ့ရာ နေရာ တွင် ပင်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ရှင်းလင်းခံရသူ ဗိုလ်ကျင်သည် ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့် အပြင် စစ်ကောင်စီ၏ လက်အောက်ခံ ယန္တရားဖြစ်သည့် မြို့နယ် မှုခင်းရှုထောင့် အဖွဲ့ဝင် ဖြစ်ကြောင်း ၊ ၎င်းက အကြမ်းဖက်စစ်ကောင်စီအလိုကျ ဝါဒဖြန့်ခြင်း၊ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီထံ တိုင် ကြားပြီး ဖမ်းဆီး ရန် စေခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲများ၏ သတင်းကို ထောက်လှမ်းပေးပို့ခြင်း၊ အကြမ်းဖက်စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုးဒုက္ခပေး အနိုင် ကျင့် ဗိုလ်ကျခြင်းများကို ကျူးလွန်ဆောင်ရွက်နေသဖြင့် နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုသေတဲ့သူက PDFသတင်းပေးရင် ၅သိန်းဆုချမယ်ဆိုပြီး လူငယ်တွေကို စည်းရုံးနေတာ‌။ မြို့ထဲတော့ စစ်ခွေးတွေ မြို့ကိုပိတ်ဆို့စစ်နေတာပဲ။ သူ့နာမည် အရင်းက ကျင်ထွေးပါ။ သူ့ကြောင့် လက်ပံတန်းမှာ ဖမ်းခံရသူ၂၀ကျော်တယ်။ တချို့ရဲဘောတွေ အခုထိထောင်ထဲမှာပါ။ သူက အရမ်းဆိုးတော့ ပြည်သူ တွေလည်း သူ့ကိုကြောက်နေရတယ်။ သူက သူနဲ့ အဆင်မပြေရင် စစ်ခွေး တွေကို ခေါ်ဖမ်းခိုင်းတာ” ဟု ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ ပျူစော ထီး၊ အုပ်ချုပ်ရေး ယန္တရားများအနေဖြင့် ပြည်သူလူထုကို ဒုက္ခအမျိုးမျိုး ပေးနေမှု များအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး ပြည်သူလူထုအနေနှင့် ၎င်းတို့အနေနှင့် နီးနီးကပ်ကပ် နေထိုင်ခြင်းမျိုး မပြုလုပ် ကြရန် ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article