စစ်ကောင်စီက စစ်မျက်နှာပေါင်းစုံတွင် ရှုံးနိမ့်နေသည့်တွက် သွေးခွဲသပ်လျှိုနေသော်လည်း စစ်အာ ဏာရှင်စနစ် ကျဆုံးရေး အဓိကမူဖြင့် ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ် တော်လှန်နေ
ရန်ကုန်၊ ဩဂုတ် ၁၅
စစ်ကောင်စီက စစ်မျက်နှာပေါင်းစုံတွင် ရှုံးနိမ့်နေသည့်တွက် သွေးခွဲသပ်လျှို နေသော် လည်း တိုင်းရင်းသားများနှင့် တော်လှန်ရေးခေါင်းဆောင်များက စစ်အာဏာရှင်စနစ် ကျဆုံးရေး အဓိကမူဖြင့် ညီညီညွတ်ညွတ် တော်လှန် နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာ ကွယ် ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောဆိုလိုက်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက နှစ်ပတ် ၁ ကြိမ် ပြည်သူလူထုထံသို့ ယမန်နေ့ အစီရင်ခံ တင်ပြစဉ် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့ ရှုံးနိမ့်နေသည့်အတွက် ကဏ္ဍပေါင်းစုံတွင် သပ်လျှို သွေးခွဲ မှု များကို အသွင်ယူ ပုံဖျက် လုပ်ဆောင်လာကြောင်း၊ သို့ရာတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးမူကို ဆက်လက်ကိုင်စွဲ၍ တော် လှန် နေကြကြောင်း ၎င်းက ပြောဆိုသည်။
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ကဏ္ဍပေါင်းစုံမှာသာမက မြေပြင်တိုက်ပွဲ တွေမှာလည်း မရှုမလှ ကျဆုံးနေတဲ့အတွက် ထုံးစံအတိုင်း တော်လှန်ရေး အင်အားစုကို သွေးခွဲဖို့ လုပ်ဆောင်လာတာတွေ၊ အသွင်ယူ ပုံဖျက်ပြီးတော့ သပ်လျှိုဖို့ လုပ်လာတာတွေကိုလည်း ဒီရက်ပိုင်းတွေမှာ ခပ်စိတ်စိတ် တွေ့မြင် နေရတယ်။ ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနဲ့ တကွ အတွေ့ အကြုံရင့်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ဒီသွေးခွဲမှုကို လုံး၀လက် ခံမ ဘဲ နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး မူကို လက်ကိုင်ထား ပြီးတော့ခိုင်ခိုင်မာမာ ရပ်တည်နေကြတယ်ဆိုတာ ပြည်သူလူထုကို တင်ပြချင်ပါ တယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။
ထို့ပြင် တိုင်းရင်းသားခေါင်းဆောင်များကလည်း စစ်ကောင်စီ၏ သွေးခွဲ သပ်လျှိုမှု များကို သတိပြုမိကြကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် တိုင်းရင်းသားခေါင်းဆောင်များက တိုက်တွန်းနေကြကြောင်း သိရှိရသည်။
“စည်းလုံးညီညွတ်မှု ဖြင့် ရင်ဆိုင်တွေ့ကြုံနေရတဲ့ စစ်ရေး လူမှုရေး နိုင်ငံရေး အရ သွေးခွဲမှုတွေကို အနိုင်ယူဖို့ လိုအပ်တဲ့အချိန်အခါ ရောက်နေပြီဆိုတာကို ၂၅ နှစ်မြောက် ကရင်နီ အမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ သဝဏ် လွှာမှာ ဖော်ပြ ထားပါတယ်။ အဲဒီလိုပါပဲအားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ရင် အချိန်တိုအတွင်းမှာ အောင်မြင်မှာ ဖြစ် တယ်။ စစ်ကောင်စီက တစ်နေ့ တစ်ခြား ကျဆုံးလာနေပြီဖြစ်လို့ ကျနော်တို့ တော်လှန်ရေးဟာ မကြာခင် ပန်းတိုင်ရောက်တော့မယ်ဆိုတာကိုလည်း ၂၀၂၃ ခုနှစ်ဩဂုတ်လ ၁၀ ရက်နေ့ ကျင်းပတဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ကချင်လွတ်လပ်ရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်း ပြောကြား သွားတာ တွေ့ရပါတယ်။ အာဏာရှင် စနစ်ရဲ့ လမ်းစဉ်နဲ့ အုပ်ချုပ်ရေး လုပ်ငန်း များအားလုံး အဆုံးသတ်နိုင်ရေးအတွက် စစ်အာဏာနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ဒီမိုကရေစီ အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်အတူ ပူးတွဲ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းကိုလည်း ကရင်အာဇာနည်နေ့ အခမ်း အနားမှာ ဥက္ကဋ္ဌကြီး ပဒိုစောကွယ်ထူးဝင်းက ပြည်သူလူထုကို တင်ပြထား တာတွေ့ရပါတယ်” ဟု ဦးမောင်မောင်ဆွေက ဆက်ပြောသည်။
လက်ရှိတွင် ပြည်သူလူထုနှင့် တိုင်းရင်းသားတစ်ရပ်လုံး၏ ဘုံသဘောတူ ညီချက်မှာ စစ်အာဏာရှင် စနစ် ကျဆုံးရေး ဖြစ်ကြောင်း၊ ထို့ကြောင့် ဘုံသဘောတူညီချက်ဖြင့် သွေးမကွဲကြကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
“စစ်တပ်က စစ်မျက်နှာပေါင်းစုံမှာ ရှုံးလာလို့ သွေးခွဲ သပ်လျှိုမှုတွေ လုပ်နေပေ မယ့် ဒီသွေးခွဲ သပ်လျှိုမှုတွေကို လက်မခံဘဲ တိုင်းရင်းသားလူထုတစ်ရပ်လုံးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေက အာဏာရှင်စနစ် ကျဆုံးရေးသည်သာ အဓိ က ဆိုတဲ့ မူကို ကိုင်စွဲပြီးတော့ ဆက်လက် တော်လှန်နေကြတယ်။ ညီညီ ညွတ် ညွတ်နဲ့ ရှေ့ ဆက်လျှောက်လှမ်းနေကြတာကို ပြည်သူလူထုကို တင်ပြ လိုက်ပါတယ်” ဟု ဦးမောင်မောင်ဆွေက ရှင်းလင်း ပြောဆိုခဲ့သည်။
