25 C
Yangon

အရာတော်မြို့ရှိ ရဲစခန်း၊ တင့်ကားတပ်နှင့် ပျူစောထီးကျေးရွာစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အရာတော်မြို့ရှိ ရဲစခန်း၊ တင့်ကားတပ်နှင့် ပျူစောထီးကျေးရွာစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ရှိ မြို့မရဲစခန်း၊ ၅၀၀၄ တင့်ကားတပ်နှင့် သစ်ကျင်းကြီး ကျေးရွာ(ပျူ)စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။

ဩဂုတ်လ ၁၃ ရက် ည ၈ နာရီ ၃၆ မိနစ်တွင် အရာတော်မြို့မရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကို လည်းကောင်း၊ ည ၉ နာရီ ၂၇ မိနစ်အချိန်၌ အရာတော်မြို့အနောက်ဘက်အထွက် လမ်းပေါ်ရှိ စက်မှု လယ်ယာအကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကိုလည်းကောင်း ကျဲချခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF တပ်ဖွဲ့မှ လပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၄ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် အရာတော်မြို့၊ သစ်ကျင်းကြီးကျေးရွာ အ ကြမ်းဖက်စစ်တပ် လက်ကိုင်တုတ်ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ မိုင်းမင်းသား မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Rocket တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လ ၁၄ ရက် ည ၁၂ နာရီ ၇ မိနစ်တွင် အရာတော်မြို့ရှိ အမှတ် ၅၀၀၄ တင့်ကား တပ်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်း ဖက်စစ်သားများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ကြောင်း၊ Danger Force LPDF တပ်ဖွဲ့၊ မိုင်းမင်းသား မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Rocket တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article