31 C
Yangon

ထားဝယ်ရှိ အရှေ့တောဒေသကို စစ်တပ်က ဆန်နှင့် ဆေးဝါး သယ်ဆောင်သူများအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆို

Must read

ထားဝယ်ရှိ အရှေ့တောဒေသကို စစ်တပ်က ဆန်နှင့် ဆေးဝါး သယ်ဆောင်သူများအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆို

ရန်ကုန်၊ သြဂုတ် ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အရှေ့တောဒေသကို အကြမ်းဖက် စစ်တပ်က ဆန်နှင့် ဆေးဝါး သယ်ဆောင်သူများအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ အထွက် ဗျောတောဝရပ်ကွက် စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်တပ်က ဒေသပြည်သူများကို အစစ်အဆေးပိုတင်းကြပ်လာပြီး ဆန်နှင့် ဆေးဝါး သယ်ဆောင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းဖြစ်ပြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်ဂိတ်များက ဆန်နှင့် ဆေးဝါး တင်ဆောင်လာသော ကားနှင့် လူကိုပါ အပြီးမဖမ်းဆီးမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်များ၊ သုံးဘီးများဖြင့်လည်း ဖြတ်သန်းခွင့်ပြုမည် မဟုတ်ကြောင်း၊ ၂၀၂၁ နှစ်အကုန်ပိုင်းကစတင်ပြီး ထားဝယ် အရှေ့တောဒေသကို အကြမ်းဖက် စစ်တပ်က ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့်ကို ကန့်သတ်ထားပြီး အခုရက်ပိုင်းမှာ ပိုပြီးတင်းကြပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ် အရှေ့တောဒေသကို သွားရောက်သည့် လမ်းတစ်လျှောက်၌ အကြမ်းဖက် စစ်တပ်က စစ်ဆေးရေးဂိတ်များ ဖွင့်ထားပြီး ဗျောတောဝဂိတ်၊ ရှစ်မိုင်ဂိတ်နှင့် ပကာရီဂိတ်များက ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေး ရှာဖွေခြင်းနှင့် ငွေတောင်းခြင်းများ အများဆုံးလုပ်ဆောင်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ဆန်နှင့် ဆေးဝါး သယ်ယူခွင့်ကို လုံးဝပိတ်လိုက်ခြင်းကြောင့် ဒေသ ပြည်သူများ အငတ်ဘေးဆိုက်မည့် အခြေအနေနှင့် ကြုံလာရနိုင်​ပြီး ကျန်းမာရေး အခက်အခဲများလည်း ပိုများပြားလာနိုင်ကြောင်း၊ ယင်းသို့ ပစ္စည်းသယ်ယူခွင့် တင်းကြပ်လာခြင်းသည် အကြမ်းဖက် စစ်တပ်၏ အရာရှိ အပြောင်းအလဲများကြောင့်ဟု ဂိတ်စခန်းများရှိ စစ်သားများ၏ ပြောဆိုကြောင်းကို ကိုးကား၍ ခရီးသွားများက ​ပြောဆိုသည်။

ဇူလိုင် လကုန်ပိုင်းတွင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကို ဖမ်းဆီးစစ်ဆေးပြီးနောက် စစ်တက္ကသိုလ်က နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီးမင်းမင်းလတ်ကိုအစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article