Khit Thit သတင်းဌာန၏ ဩဂုတ် ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်သား တွေ ကို ခုခံတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက် နက်ခဲယမ်း အများ အပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column ဆီကသိရပါတယ်။
-ကရင်နီပြည်နယ်မှာ အခုရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကလောအခြေစိုက် တပ်မ ၅၅ လက် အောက်ခံ ခလရ ၃ တပ်နှင့် ခလရ ၁၁၂ တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ အရာရှိနဲ့ စစ်သည် ၃၀ ဦး သေဆုံး သွားတယ်လို့ စစ်ကောင်စီရဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည် ပြု ပြောပါ တယ်။
-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝင် မုဒ်ဦးမှာ တပ်စွဲထားတဲ့အကြမ်းဖက် စစ်သားတွေကို လက်နက်ကြီး ၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံး ရသတင်းတွေကို တင်ဆက်ပေးပါမယ်။
