32 C
Yangon

ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်း ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ မီးရှို့ခဲ့သည့် စစ်သားတစ်ဦး ရေနစ်သေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်း ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ မီးရှို့ခဲ့သည့် စစ်သားတစ်ဦး ရေနစ်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်း ကျေးရွာကို စစ်တပ်က ယမန်နေ့ အကြောင်းမဲ့ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၆၀ ကျော် မီးရှို့ခံရသဖြင့် ပြာကျသွားကြောင်း ငါန်းဇွန်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရဲဗဒိုင်း ကျေးရွာ မြစ်ကမ်းမှ စစ်သင်္ဘော ၂ စီး၊ စက်လှေ ၆ စီးဖြင့် စစ်တပ်စစ်ကြောင်းက ဧရာ၀တီမြစ် ကြောင်း အတိုင်း စုန်ဆင်းလာပြီး ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်းကျေးရွာသို့ လက် နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အောင်သုခ ကျွန်းကျေးရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၆၀ နီးပါး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

ထို့နောက် အောင်သုခကျွန်း ကျေးရွာ၏ အနောက်ဘက် အောင်သာရွာသို့လည်း စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသဖြင့် ပြည်သူများမှာ ပိတ်မိနေခဲ့ကြောင်း၊ ထို့ပြင် ငါန်းဇွန်မြို့နယ် ရေဆင်းရွာ နှင့် လင်္ကာဒီပရွာဘက်မှ ဆင်းလာသည် စစ်တပ်စစ်ကြောင်း နှင့် ဧရာဝတီမြစ်သို့ စုန်ဆင်းလာသည် စစ်သင်္ဘောစစ်ကြောင်းတိုက နှစ်ဖက်ညှပ်၍ အောင်သာရွာ ကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်စစ်ကြောင်းများက ပြန်လည် ဆုတ်ခွာရာတွင် ရေကြောင်းမှ တစ်ဆင့် သင်္ဘောများဖြင့် ပြန်လည် ထွက်ခွာသွားသော စစ်တပ်စစ်ကြောင်းမှ စစ်သား ၁ ဦး ရေထဲပြုတ်ကျသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့မှုခံထားရသည့် ကျေးရွာတစ်ရွာ မီးလောင်နေ သည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article