26 C
Yangon

ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံးရှိ စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင် စစ်ယာဥ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံးရှိ စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင် စစ်ယာဥ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံးကို လာရောက်သည့် စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုမြို့ စိုက်ပျိုးရေး ရုံးကို Jeep ကား ၁ စီးMark 2 ကား ၁ စီးဖြင့် လာရောက်သည့် စစ်သား ၁၂ ဦးသည် ကားပေါ်မှ ဆင်း၍ ရုံးပေါက်တွင် ရပ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေး ၂ ကောင်သေတယ်။ မိုင်းပေါက်ကွဲပြီး စစ်ခွေးတွေက ပြန်ပစ်လို့ တော်လှန်ရေး ရဲဘော်တွေ ရှောင်တိမ်းနိုင်ခဲ့တယ် နောက်က ကားနဲ့လိုက်ပစ်ပေမယ့် ရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းနှင့် NaungYoe Army (တပ်ခွဲ ၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်သို့ ပဲခူးတိုင်းသို့ လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၆ စီးပါ ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်ယာဥ်တန်းကို ကျိုက်ထိုမြို့အထွက် သရက်ကုန်းရွာ အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ကားများလည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article