27 C
Yangon

မုံရွာ-ရေဦး-ကလေး၀ ကားလမ်းတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ကားလမ်းပိတ် ဆို့နေပြီး ခရီးသွားပြည်သူ ရာပေါင်းများစွာ သောင်တင် အခက်အခဲဖြစ်နေ

Must read

မုံရွာ-ရေဦး-ကလေး၀ ကားလမ်းတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ကားလမ်းပိတ် ဆို့နေပြီး ခရီးသွားပြည်သူ ရာပေါင်းများစွာ သောင်တင် အခက်အခဲဖြစ်နေ

ရန်ကုန်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ မုံရွာ-ရေဦး-ကလေးဝ ကားလမ်း၊ မဟာမြိုင် တောစပ် တစ်နေရာတွင် တိုက်ပွဲများကြောင့် ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ကားလမ်း ပိတ်ထားသဖြင့် ခရီးသွားပြည်သူ ၇၀၀ ဦးခန့် သောင်တင် စားနပ် ရိက္ခာ အခက်အခဲ ရှိနေကြောင်း ‌ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။

ကလေးဝမြို့နယ်၊ မဟာမြိုင်တောတွင်းတစ်နေရာတွင် တိုက်ပွဲများ ဖြစ်ပွား နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အင်အား ဖြည့်တင်း၍ စစ်ကြောင်းထိုးနေကြောင်း၊ မဟာမြိုင်တောစပ်ရှိ တန့်ဆည် မြို့နယ် နှင့် မင်းကင်းမြို့နယ်တို့တွင် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများ ရာနှင့်ချီ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သိရသည်။

“မဟာမြိုင်တောစပ်မှာ ကားတွေပိတ်နေတာ။ ခရီးသည် ၇၀၀လောက်ရှ်ိတယ်။ တောထဲဆိုတော့ စားဖို့သောက်ဖို့ အခက်အခဲရှိတာဆိုတော့ နီးစပ်ရာရွာတွေကို အကူအညီတောင်းပြီး ကားသမားတွေ၊ ခရီးသည်တွေအတွက် ထမင်းထုပ် ဝေပေး နေပါတယ်။ လမ်းပိတ်ထားတာတော့ တစ်ပတ်ကျော်သွားပြီ” ဟု စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

မုံရွာ-ရေဦး-ကလေးဝ အဝေးပြေးလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မကြာခဏ ရက်ရှည် ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိပြီး ခရီးသည်များ ၏ စားနပ်ရိက္ခာအတွက် နီးစပ်ရာရွာများမှ ဒေသခံပြည်သူများက အလှည့်ကျ ကူညီထောက်ပံ့လျက်ရှိသည်။

အဆိုပါ မဟာမြိုင်တောတွင်း အဝေးပြေးလမ်းသည် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းကို ချိတ်ဆက်ထား သော ကူးသန်းသွား‌လာ‌ရေးအတွက် အရေးပါသည့်လမ်းဖြစ်ပြီး နေ့စဉ် ကားအစီးရေ ရာနှင့်ချီ ဖြတ်သန်းသွားလာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article